ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်-မံစီမြို့နယ်အတွင်း မန်ဖွကျေးရွာနှင့် လမ်းတစ်လျှောက်မှ ဒေသခံ ရှမ်းမျိုးနွယ်စုများအား KIA မှ တပ်သားသစ်အဖြစ် ၄-၁၂-၂၀၁၃ မှ ၉-၁၂-၂၀၁၃ နေ့ထိ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ သဘောထားကြေငြာချက်တစ်ဆောင်ကို ဒီဇင်ဘာလ (၉)ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ သဘောထားကြေငြာချက်တွင်
KIA မှ ဒေသခံ ရှမ်းမျိုးနွယ်စုများကို လက်နက်အားကိုး အနိုင်ကျင့်မှု ရပ်တန့်ခြင်း မရှိသဖြင့် ရှမ်းမျိုးနွယ်စုများမှာ နာကျည်းမုန်းတီးမှုများ ဖြစ်ပေါ်လာကြရသည်ဟု ပါရှိပြီး နိုင်ငံတော်အစိုးရမှ အကာအကွယ်ပေးရန်နှင့် လက်နက်အားကိုး အနိုင်ကျင့်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုထားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒု-ခေါင်းဆောင်း ဦးစိုင်းစန်းဝေမှ ပြောကြားသည်။
.jpg)
No comments:
Post a Comment