Wednesday, December 25, 2013

KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော


KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက ရှမ်းတိုင်းရင်းသား အများစုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA အင်ဘာပါတပ်စခန်းမှာ သင်တန်းတက်နေရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး

အမြောက်အများပေးဆောင်ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။

တုံပလွေရွာသား လေးယောက်ပြန်လွတ်လာဖို့ သိန်း ၂၀ ပေးရတယ်၊ နောက် သူတို့ အမျိုးသမီးတွေကလည်း မပေါ့မပါးတွေနဲ့ပါ ၊ သူတို့ကတော့ မပြောရဲကြဘူးလို့ အဆိုပါ တုံပလွေရွာနှင့် နီးစပ်သော ဒေသခံတချို့က ပြောဆိုပါသည်။

မံစီမြို့နယ်အတွင်း ဒီဇင်ဘာလ ၄ ၇က်မှစ၍ ဒေသခံ ရှမ်းရွာသားများကို KIA က ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့မှုများကြောင့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ထောင်သောင်းချီသော ရှမ်းမျိုးနွယ်စုများက လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး KIA ဖမ်းဆီးခံ ရှမ်းပြည်သူများအားလုံး ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ရှမ်းနီခေါင်းဆောင်များက ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment