တိုင်းလိုင်(ရှမ်းနီပါတီ)၏ လှုပ်ရှားမှုသတင်းမှန်သမျှကို ဒေသတွင်းရှိလူငယ်များမှ
ရယူကြရန်နှင့် KIA ဗဟိုဌာနချုပ်လိုင်ဇာသို့ ဖုန်းကြေးနန်းဖြင့်
ပေးပို့ကြရန် ညွှန်ကြားထားကြောင်း သိရှိရသည့်အတွက် ရှမ်းမျိုးနွယ်စုများ
သတိထားကြရန်နှင့် သိရှိကြရန် အသိပေးကြေညာချက် ထုတ်ပြန်လိုက်တယ်လို့
သိရှိရပါသည်။
အဆိုပါ အသိပေး ကြေညာချက်တွင် -
၂၁-၁၂-၂၀၁၃
ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ ၁၂ နာရီအချိန်ထိ မိုးညှင်းခရိုင်၊
ဟိုပင်မြို့နယ်ခွဲ၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက် အိမ်အမှတ် (၄/၃၆)
ဦးဆာလော်ရှောင် (ခရစ်ယာန်အသင်း သိက္ခာတော်ရ ဆရာတော်)၏ နေအိမ်တွင်
ဦးဆာလော်ရှောင် ကိုယ်တိုင် ဦးစီးပြီး
ဆရာမ ဒေါ်ဘောက်ဂျာ၊
ဒေါ်ထုဆန်နှင့် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်နေ ဦးတူးနန်၊
အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာနှင့် မိုင်းနောင်ကျေးရွာမှ ဦးထုန်းခေါ၊
ဦးမရန်တူးဂျာ၊ ဦးဘရန်ဆိုင်း၊ ဦးမရန်ဂမ်တို့ကို ခေါ်ယူတွေ့ဆုံ
ဆွေးနွေးပြီး တိုင်းလိုင် (ရှမ်းနီပါတီ)၏ လှုပ်ရှားမှုမှန်သမျှကို ဒေသတွင်း
လူငယ်များမှ ရယူကြရန်နှင့် KIA လိုင်ဇာဌာနချုပ်သို့ ပေးပို့ရန်
ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည် ဟူ၍ ပါရှိပါသည်။
No comments:
Post a Comment