ဗန်းမော်ခရိုင် မန်စီမြို့နယ် မံဝိန်းလေးနှင့် ဟန်ထက်ရွာမှ ရှမ်းရွာသား ၂၄ ဦးကို (၁၈-၁၂-၂၀၁၃)ရက်နေ့တွင် KIA က ပြန်လွှတ်ပေးခဲ့သ်ာလည်း အမည်၊ အသက်၊ နေရပ်လိပ်စာ၊ မိဘအမည်နှင့် ဓါတ်ပုံများကိုပါ ရိုက်ယူသိမ်းဆည်းထားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်လွတ်လာသည့် ရှမ်းလူငယ် ဒေသခံတစ်ဦးမှ ပြောကြားသည်။
မံဝိန်းလေးမှ ရှမ်းလူငယ် ကျား(၇)ဦးနှင့် မ(၁)ဦးကို KIA ပါတော်စခန်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ
KIA က ရှမ်းရွာသားအားလုံး ပြန်လွှတ်လိုက်ပြီလို့ မြစ်ကြီးနားမြို့ အခြေဆိုက် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့ကပြောဆိုထားသော်လည်း မံစီမြို့နယ်၊ မံဖွရွာက ရှမ်းရွာသား ၂၁ ဦးကတော့ ယခုအချိန်အထိ နေအိမ်သို့ ပြန်ရောက်မလာသေးကြောင်း မံဖွရွာခံများက ပြောဆိုနေကြပါတယ်။
No comments:
Post a Comment