Wednesday, January 29, 2014

၂၀၁၄ သန်းခေါင်စာရင်းတွင် ကုဒ်၊ နာမည်ရွေးချယ်နိုင်ရေး ရှမ်းနီလူမျိုးများ အစည်းအဝေး ထပ်မံပြုလုပ်မည်

 
၂၀၁၄ ခုနှစ်၊ မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ကုဒ်၊ နာမည်ရွေးချယ်နိုင်ရေး စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့၌ မန္တလေးမြို့၊ ဘုရားကြီးအရှေ့မုခ်အနီး မူလဆီးဘန်နီတိုက် ရှမ်းနီကျောင်းတွင် အစည်းအဝေး ထပ်မံပြုလုပ်မည်ဟု သိရှိရသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)က တိုင်းလိုင်ရှမ်းမျိုးနွယ်စုအနေနဲ့ 

ဦးစိုင်းစန်းဝေ၊ ဦးစိုင်းညွန့်မောင်၊ ဦးခင်မောင်အေးတို့က ကိုယ်စားပြုတက်ရောက်မည်ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းတွင် ကုဒ်နံပါတ် (၈၂၈)နှင့် ကုဒ်နံပါတ် (၉၁၄)တို့အား ရွေးချယ်နိုင်ရေးနှင့် ရှမ်းနီအမည် ရွေးချယ်နိုင်ရေးတို့ကို ညှိနှိုင်းစည်းဝေးရန် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က ခေါ်ယူကျင်းပတာ ဖြစ်တယ်လို့လည်း သိရှိရသည်။

မန္တလေးမြို့၊ ရှမ်းနီပါတီရုံးချုပ်နှင့် မန္တလေးမြို့၊ ရန်ကင်းတောင်ခြေတို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင်တော့ ၂၀၁၄ သန်းခေါင်စာရင်းတွင် ရှမ်းနီလို့ထည့်ကြရန် ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါသည်။

No comments:

Post a Comment