Monday, January 27, 2014
မိုးကောင်းမြို့တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ပစ္ဆိမာရုံကျောင်းတိုက်တွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့၌ နေ့လည် ၁ နာရီအချိန်မှ စတင်ကာ မိုးကောင်းမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို မဘသ(ဗဟို)၏ ဖွဲ့စည်းပုံ စည်းမျဉ်းများနှင့် အညီ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရှိရပါသည်။
အဆိုပါ မြို့နယ် မဘသ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒ ခံယူခြင်း အခမ်းအနားကို
မိုးကောင်းမြို့နယ်အတွင်းမှ သံဃာတော်အပါး (၁၀၀) လူပုဂ္ဂိုလ် (၆၀၀) ကျော်လောက် တက်ရောက်ပါဝင်ခဲ့ကြပြီး၊ နိုင်ငံတော် ဗဟိုဝန်ဆောင်ဆရာတော်၊ ပြည်နယ်သံဃနာယကဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပါတီ၊ ပရဟိတအဖွဲ့အစည်း အသီးသီးနှင့် မြို့မိမြို့ဖများ၊ အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး
ဥက္ကဋ္ဌဆရာတော်အဖြစ် ပဲခူးစု ဆရာတော်
အတွင်းရေးမှူးအဖြစ် ကမ္ဘောဇဆရာတော် (နမ္မတီး) တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြတယ်လို့လည်း သိရပါသည်။
မိုးကောင်းမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့အနေဖြင့် - -
သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ အကူအညီကို ရယူလျက် ဒေသအသီးသီးမှာ ရှိတဲ့ ပရဟိတအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊
အမျိုးဘာသာသာသနာ တိုင်းပြည်နှင့် ဗုဒ္ဓဘာသာအပါအ၀င် တိုင်းရင်းသားအားလုံးတို့အတွက် လိုအပ်သော လုံလောက်သည့် အကာအကွယ်ပေးနိုင်မည့် ဥပဒေများ ပြဌာန်းကာကွယ်နိုင်ရေးလုပ်ငန်းများ၊ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊
ရိုးရာဓလေ့ ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်းနှင့် ယာဉ်ကျေးမှုစာရိတ္တမြင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်လျက် မဘသ (ဗဟို)၏ စည်းမျဉ်းများနှင့် ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ မိုးကောင်းမြို့၊ ဒေ၀ကျောင်းဆရာတော်တပါးမှ မိန့်ကြားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment