ကျေးရွာအတွင်းရှိ လူကြီးများအားလုံးသည် နီးရာဓါးကို ကြောက်ကြရသည့်အတွက်ကြောင့် ခေါင်းငုံ့ခံနေကြရသည်။ KIAတို့၏ တောင်းသမျှ၊ ကောက်သမျှ၊ ဖမ်းဆီးသမျှ အနိုင်ကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရဖက်သို့ သွားတိုင်တန်းမည်ဆိုပြန်တော့...
KIAတ
KIO/
ဖြစ်စဉ် တစ်ခု တင်ပြလိုသည်- မကြာသေးမှီ (၂၈-၁၂-၂၀၁၃) နေ့က ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်မှန် လေးပါ.. KIO/KIAအဖွဲ့မှ ကျေးရွာတာဝန်ခံ ဆလံကမ္ဘာဆိုသူက ၀ိုင်းမော်မြို့နယ်၊ ၀ါးရှောင်ကျေးရွာ၊ လွယ်ကျော်ကျေးရွာ၊ နန့်ဝါကျေးရွာ၊ နမ့်မြင်းကျေးရွာ စသည့် ရှမ်းရွာ(၄)ရွာသို့ ရောက်လာပြီး၊
ယင်းဆလံကမ္ဘာဆိုသူက ၀ါးရှောင်ကျေးရွာတွင် ရှမ်းလူမျိုးအိမ်ခြေ (၅၀)ကျော် အတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်တင်း၊ ဆားတစ်ပိဿာ၊ လူငယ်သုံးဦး ပေးရမည်။ မပေးလျှင် ငွေ-သိန်း(၅၀) ပေးရမည်ဟု၎င်း၊
လွယ်ကျော်ကျေးရွာတွင် ရှမ်းအိမ်ခြေ(၉၀)၊ တစ်အိမ်လျှင် ဆန်တစ်တင်း၊ ဆားတစ်ပိဿာ၊ လူငယ်(၃)ဦး၊ ပေးရမည်၊ မပေးလျှင် ငွေ-သိန်း(၉၀)ပေးရမည်ဟု၎င်း၊
နမ့်ဝါကျေးရွာတွင် ရှမ်းအိမ်ခြေ(၁၅၀)ခန့်၊ တစ်အိမ်လျှင် ဆန်တစ်တင်း၊ ဆားတစ်ပိဿာ၊ လူငယ်(၅)ဦး ပေးရမည်၊ မပေးလျှင် ငွေ-သိန်း(၁၅၀) ပေးရမည်ဟု၎င်း၊
နမ့်မြင်းကျေးရွာတွင် အိမ်ခြေ (၂၅)ခန့်၊ တစ်အိမ်လျှင် ဆန်တစ်တင်း၊ ဆားတစ်ပိဿာ၊ လူငယ်(၃)ဦး ပေးရမည်၊ မပေးလျှင် ငွေ သိန်း(၂၅) ပေးရမည်ဟု၎င်း လက်နက်အားကိုဖြင့် အနိုင်ကျင့်ကာ လာရောက်တောင်းခံနေကြောင်း ဒေသခံ ပြည်သူတစ်ဦးမှ အရဲစွန့်ကာ သတင်းပေးပို့ခဲ့သည်။
ယင်းဝါးရှောင်ကျေးရွာတွင် ရှမ်းလူမျိုးများနှင့် ကချင်လူမျိုးများ ရောထွေးနေထိုင်လျက်ရှိသည်။ သို့ရာတွင် ကချင်လူမျိုးများထံတွင် ဤသို့ လူတောင်းခြင်း၊ ငွေကြေးကောက်ခံခြင်း မလုပ်။ ရှမ်းရွာများတွင်သာ လုပ်ခြင်းသည် ..............................
မိမိတို့ ရှမ်းလူမျိုးများသည် ဘယ်သို့ ဆောင်ရွက်သင့် လုပ်သင့် လုပ်ရပါတော့မည်နည်း။
ဦးစိုင်းသာဇုံ (နာယက)
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့
မြန်ပြည်မြောက်ပိုင်း
No comments:
Post a Comment