Thursday, January 2, 2014

မစိုးရိမ်များ၏မိခင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီး၏ တိုက်အုပ်-မဟာနာယကဆရာတော် အရေးပေါ်ဆေးကုသမှု ခံယူနေ

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော်ကြီး
မြန်မာနှင့် ကမ္ဘာတစ်လွှား အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မစိုးရိမ်တိုက်သစ်များ၏ မိခင်၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ကြီး၏ တိုက်အုပ်- မဟာနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိကာယနယူပဒေသကျောင်းဆရာတော် ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မက်ဆေးကုသဆောင်တွင်
အရေးပေါ်ဆေးကုသမှုများ ခံယူနေရတယ်လို့ သတင်းရရှိသည်။

ဒီနေ့ကောဆိုရင် ဆေးရုံမှာ တင်ထားတာ ၃ ရက်ရှိသွားပါပြီး၊ အခုထိ သတိကောင်းကောင်း မရသေးပါဘူး၊ ဆရာဝန်တွေကတော့ ဦးနှောက်သွေးကြော ပေါက်ပြီး လေဖြတ်သွားတာလို့တော့ ပြောတာပဲ၊ စဖြစ်တာကတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၂ ချက်ခွဲကျော်လောက်မှာ စဖြစ်တာပါ၊ ကိုရင် ကိုရင်လို့ ခေါ်သံကြားတော့ သွားကြည့်ရာမှ ကုတင်ခြေရင်းမှာ လဲနေတာကို တွေ့ရတယ်၊ ထူပြီး ကုတင်ပေါ်ရောက်တော့ စကားမပြောတော့ဘူးလို့ နိကာယကျောင်းမှ ဦးဇင်းတပါးက မိန့်ကြားသည်။

မစိုးရိမ်ကျောင်းတိုက် နိကာယကျောင်းဆရာတော်ကြီးသည် သက်တော် ၈၉ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအထူးကောင်မွန်ခဲ့သော ဆရာတော်ကြီးဖြစ်တယ်လို့လည်း သိရှိရပါသည်။

No comments:

Post a Comment