Thursday, January 2, 2014

KIA အား ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သဘောထားကြေညာချက်ထုတ်ပြန်


KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သဘောကြေညာချက်ကို ဇန်န၀ါရီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ သိရှိရပါသည်။

အဆိုပါ သဘောထားထုတ်ပြန် ကြေညာချက်တွင်

စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်ကို မလွှဲသာ မရှောင်သာသော အခြေအနေမှသာ ဆောင်ရွက်ချင်ပါသောကြောင့် နှစ်ဘက်တွေ့ဆုံညှိုနှိုင်းမှုကိုသာ ပြုလုပ်လိုပါသည်။

KIA အဖွဲ့အတွင်းမှာ ရှမ်းလူငယ်များလည်း အများအပြားရှိသောကြောင့် သတိထားရမည့် အချက်ဖြစ်တယ်၊ ပြည်သူများ ငြိမ်းချမ်းရေးကို ဦးစားပေးလိုလားချက်သည်သာ အဓိက ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

No comments:

Post a Comment