Sunday, January 19, 2014

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း၊ သာသနာ့မြေနှင့် ရှမ်းလူမျိုးများ၏ လယ်ယာများအား KIA မှ အဓမ္မသိမ်းဆည်း



မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသ၊နမ့်ဟီးကျေးရွာနှင့် မန်မွမ်းကျေးရွာတို့မှ သာသနာ့မြေနှင့် ရှမ်းလူမျိုးများ၏ လယ်ယာများအား KIA မှ အဓမ္မသိမ်းဆည်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရှိရသည်။

အဆိုပါ သာသနာ့မြေနှင့် ရှမ်းလူမျိုးများ၏

လယ်ယာများအား KIA မှ အဓမ္မသိမ်းဆည်းခဲ့ခြင်းနှင့် ပက်သက်၍ ရှမ်းလူငယ်ကွန်ယက်မှ အထောက်အများနှင့် တကွ နိုင်ငံတော်သမ္မတထံသို့ ဇန်န၀ါရီလ ၁၇ ရက်ရက်စွဲဖြင့် ပေးပို့ခဲ့ပြီး မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသ၊နမ့်ဟီးကျေးရွာတို့တွင် KIA မှ သာသနာ့မြေ၊ ကြံခင်းမြေစိုက်ခင်းနှင့် စားကျက်မြေများ သိမ်းယူပြီး ကချင်လူမျိုးများအတွက် လုပ်ဆောင်နေမှုကို အမြန်ဆုံးရပ်ဆိုင်းပေးရန်၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လုပ်အားပေးလုပ်ဆောင်စေခြင်းများ အမြန်ဆုံးရပ်တန့်ပေးရန်တို့ကို တင်ပြတောင်းဆိုထားတယ်လို့ သိရှိရပါသည်။




No comments:

Post a Comment