Sunday, January 19, 2014

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၌ KIAမှ တအိမ်တက်ဆင်း ဆက်ကြေးကောက်ခံ


မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့လယ်ခေါင် မြို့မရပ်ကွက်အတွင်း ဆိုင်ဖွင့်ရောင်းချနေသော ဈေးဆိုင်ကြီးများ၊ ကုန်စုံဆိုင်များထံ ၁၁-၁၂-၂၀၁၄ နေ့၌ KIA မှ ပစ္စတို ခါးထိုးကာ တအိမ်တက်ဆင်း ဆက်ကြေးကောက်ခံသွားကြောင်း
မြို့ခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဈေးဆိုင်များသည် တစ်ဆိုင်လျှင် အနည်းဆုံး သုံးသိန်းမှ ခြောက်သိန်းအထိ ပေးလိုက်ကြရကြောင်း၊ ပစ္စတို ခါးထိုးကောက်ခံသွားသူသည် ဖြတ်ပိုင်း ပေးထားခဲ့ကြောင်း၊ ထိုဖြတ်ပိုင်းများအရ KIAမှ ဟုသိရကြောင်း မြို့ခံ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးမှ ပြောကြားသည်။

No comments:

Post a Comment