Sunday, January 19, 2014

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲအတွင်း KIA မှ အဓမ္မ ဆက်ကြေးကောက်ခံပြီး ဆိုင်ကယ်များ သိမ်းယူ


မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ ရေနားပင်လုံနှင့် တောပင်လုံကျေးရွာများမှ ဦးထွေးနိုင် ဦးဆောင်သော အလုပ်သမားအဖွဲ့(၁၈)ဦးအား KIA ရင်း(၅)၊ ဒုအရာခံဗိုလ်အဆင့်ရှိ မောအောင် ဦးဆောင်သောအဖွဲ့က ဖမ်းဆီး ရိုက်နက်ပြီး ၄င်းအလုပ်သမားများထံမှ ဆက်ကြေးငွေ (၁၀) သိန်း
အဓမ္မ ကောက်ခံသွားကြောင်း

ရေနားပင်လုံကျေးရွာ အုပ်ချုပ်ရေးမှူး၏ သားထံမှ ဆိုင်ကယ် (၁၂၅)တစ်စီး ကိုလည်း သိမ်းယူသွားကြောင်း ရေနားပင်လုံဒေသခံများထံမှ သိရှိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နှင့် KIA တို့၏ ငြိမ်းချမ်းရေးသဘောတူ စာချုပ်ပါ နှစ်ဖက်လိုက်နာရန် အချက်များ-

အပိုဒ်-၁၊ (င)တွင် ပြည်သူလူထုထံမှ တရားမ၀င် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေးပစ္စည်းရယူခြင်း မပြုလုပ်ရန်ဟု ပါရှိတာကိုတွေ့ရပြီး၊ ဒီသဘောတူညီချက်တွေက စာရွက်ထဲမှာသာ တွေ့ရပါသေးတယ်၊ ဦးတို့ ဒေသခံပြည်သူတွေကတော့ ယနေ့တိုင် အဖမ်းခံရတုန်း၊ ဆက်ကြေးပေးနေရတုန်း၊ ရိုက်နှက်နှိပ်စက်ခြင်းခံနေရတုန်းပါပဲ လို့ ရှမ်းမျိုးနွယ်စုရေးအဖွဲ့ နာယက ဦးစိုင်းသာဇုံက ပြောဆိုပါသည်။

No comments:

Post a Comment