၂၀၁၄ ခုနှစ်၊ မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်း၌ လူမျိုးအမည် ရွေးချယ်ထည့်သွင်းရေး ၀ိဝါဒကွဲပြားနေကြသည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းက တိုင်းလိုင်(သို့)ရှမ်းနီ ရှမ်းတိုင်းရင်းသားများသည် သန်းခေါင်စာရင်း ထည့်သွင်းရာ၌ လူမျိုးအမည် ရွေးချယ်ထည့်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မူလဆီးဘန်နီတိုက်၊အင်းတော်ကြီးဟိုပင်ကျောင်းတွင် ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ နံနက် ၉း၃၀ အချိန်မှ စတင်ကာ ကျင်းပခဲ့ကြတယ်လို့ သိရှိရပါတယ်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)နှင့် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းနှင့်
ဦးစံပြည့်၊ ကချင်ပြည်နယ် ရှမ်းရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်၊ ဦးဝင်းခေါင် ရဲချုပ်ရုံး
နေပြည်တော်၊
ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ တိုင်းလိုင် ရှမ်းစာပေနှင့်ယာဉ်ကျေးမှုအဖွဲ့၊
မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ၀ိုင်းမော်၊ ဖားကန့်၊ ဟောင်ပါး စသည့်ဒေသများနှင့်
စစ်ကိုင်းတိုင်းအထက်ပိုင်းမှ တိုင်းလိုင်(သို့) ရှမ်းနီလူမျိုးများ၊ ရှမ်းနီပါတီကိုယ်စားလှယ်များ
( ၆၀)ကျော်လောက် တက်ရောက်ခဲ့ကြပြီး သန်းခေါင်စာရင်း၌
လူမျိုးအမည် ရွေးချယ်ထည့်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြရာတွင်
ဦးစံပြည့်က
၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပက်သက်ပြီး ကုဒ်နံပါတ်ရှိတဲ့လူမျိုးရဲ့ နာမည်ကို
ဖြေကြားလျှင် သတ်မှတ်ထားတဲ့ ကုဒ်နံပါတ်ကိုသာ ရေးထည့်မည်ဖြစ်ကြောင်း၊ ကုဒ်နံပါတ်မရှိတဲ့လူမျိုးရ
ဲ့နာမည်ကို ဖြေကြားလျှင် အခြားလူမျိုးရဲ့ ကုဒ်နံပါတ်ကို ဖြေကြားသည့် လူမျိုးနာမည်နှင့်
ကပ်၍ ရေးထည့်မည်ဖြစ်ကြောင်း၊ ၁၃၅ မျိုးထဲ မပါဝင်သေး၍ အခြားလူမျိုး (၉၁၄)ထဲ ပါသွားသော်လည်း
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ လုံးဝဆုံးရှုံးမှု မရှိပါကြောင်း၊ အခြားလူမျိုး
(၉၁၄)ကုဒ်ထဲ ပါဝင်သည့် လူမျိုးများ တမျိုးချင်းအလိုက် လူဦးရေ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း
ရှင်းလင်းပြောဆိုပါတယ်။
ကချင်ပြည်နယ်
ရှမ်းဝန်ကြီး ဒေါ်ခင်ပြုံရည်နှင့် မြစ်ကြီးနားဒေသဘက်က တိုင်းလိုင်ရှမ်းမျိုးနွယ်စုတွေကတော့
ကုဒ်(၈၂၈) တိုင်းလျန်လို့ ထည့်ချင်သူများကတော့ တိုင်းလျန်လို့ထည့်ပါစေ၊ အခြားလူမျိုး
ကုဒ်(၉၁၄) တွင် ထည့်ချင်သူများကတော့ အခြားကို ထည့်ကြပါစေ၊ ရှမ်းနီလို့ ထည့်သူများကိုလည်း
မကန့်ကွက်လိုပါဘူး၊ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းငါးမျိုးအနက် တိုင်းလျန် (၈၂၈) ကုဒ်တွင်သာ
ထည့်သွင်းလိုကြပါတယ်လို့ ပြောဆိုပါတယ်။
ဦးစံပြည့်၊
ဦးဝင်းခေါင်နှင့် ရှမ်းနီပါတီတို့က ၂၀၁၄ သန်းခေါင်စာရင်းတွင် အင်အားတစုတစည်းတည်း စာရင်းထွက်ရှိရန် အရေးကြီးသည့်အတွက် ရှမ်းနီလို့ ထည့်သွင်းကြရန် တိုက်တွန်းဆွေးနွေးပြောဆိုခဲ့တယ်လို့လည်း
သိရှိရပါတယ်။
အစိုးရ၏ သန်းခေါင်စာရင်း
ကောက်ယူရာ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ကုဒ်နံပါတ်များတွင် ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများအနက်
တိုင်းလျန်၊ တိုင်းလေ၊ တိုင်းလုံ၊ မိုင်းသာ(တိုင်းဆာ)၊ ခမ်းတီးရှမ်း(တိုင်းခမ်းတီး)၊
ရှမ်းကလေး၊ ရှမ်းကြီးမျိုးနွယ်စုများသာ ကုဒ်နံပါတ်များနှင့် တွဲ၍ ဖေါ်ပြထားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
၂၀၁၄ သန်းခေါင်စာရင်းကို ကောက်ယူတာပါလို့ အစိုးရကပြောဆိုပေမယ့် တိုင်းရင်းသားဝန်ကြီးနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့လို နိုင်ငံရေးအစိတ်အပိုင်း နေရာတွေမှာပါ သန်းခေါင်စာရင်းနှင့်ပက်သက်၍
တိုင်းရင်းသားတစ်ချို့က ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။
တိုင်းလိုင်(သို့)
ရှမ်းနီလူမျိုးများ အချိန်တိုအတွင်း ရာနှုန်းပြည့်တူသော အဖြေတခုကို ညှိနှိုင်းအဖြေရှာဖို့ အခက်အခဲတစ်ချို့ရှိနေရာ သန်းခေါင်စာရင်းထွက်ပြီးရင်
လူမျိုးတူရာပေါင်းမရဘူးလို့ ဦးခင်ရီက ပြောတယ်ဆိုတာကို ဦးစံပြည့်က ရှင်းပြခဲ့တဲ့အတွက်
သန်းခေါင်စာရင်းကာလနောက်ပိုင်း ပြန်လည်ညှိနှိုင်းအဖြေရှာဖို့ဆိုတာလည်း
အခက်အခဲတစ်ခုလို ဖြစ်နေခဲ့ပြီး
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေနဲ့
ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုတွေရဲ့အရေး တစိုက်မတ်မတ် လုပ်ဆောင်နေတာကြောင့် ပါတီထောင်ဖို့
အစီအစဉ်ရှိမရှိနှင့် ပက်သက်ပြီး မေးမြန်းခဲ့ရာ ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုတွေ လူ့အခွင့်အရေး
ချိုးဖောက်ခံနေရတာကို ကာကွယ်ပြောဆိုဖို့နဲ့ အမျိုးသားရေးလုပ်ငန်းများကို လွတ်လပ်ကျယ်ပြန့်စွာ
လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြစ်ကြီးနားမြို့က သက်တော်ရှည် ၀န်းသိုကျောင်းဆရာတော်ကြီး၏
သြ၀ါဒနှင့်အညီ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊ ပါတီထောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ
မဟုတ်သလို ဘယ်တော့မှလည်း ပါတီထောင်သွားမှာ မဟုတ်ပါဘူး၊ ဘာနိုင်ငံရေး နေရာ၊ အကျိုးအမြတ်မှ
မရှိတဲ့ အမျိုးသားရေးလမ်းစဉ်ကိုပဲ နှစ်သက်ပါတယ်လို့ ရှမ်းရေးရာအဖွဲ့ ဒု-ခေါင်းဆောင်
ဦးစိုင်းစန်းဝေက ပြောဆိုသွားခဲ့ပါသေးတယ်။
No comments:
Post a Comment