အဖမ်းဆီးခံ ရှမ်းလူငယ်များနှင့် အထွေထွေကိစ္စများ ဆွေးနွေးရန် မြစ်ကြီးနားမြို့
အခြေစိုက် ရှမ်းမျိုးနွယ်ရေးရာအဖွဲ့မှ KIO နည်းပညာအထောက်အကူပြု
(Technical Advisory Team) ရုံးသို့ တွေ့ဆုံဆွေးနွေးမည့် နေ့ရက်
သတ်မှတ်ပေးရန် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ရက်စွဲဖြင့်
အကြောင်းကြားစာ
ပေးပို့လိုက်တယ်လို့ သိရှိရသည်။
KIA
ဖမ်းဆီးသွားပြီး ပြန်လွတ်မလာသေးတဲ့ ရှမ်းလူငယ် ၂၀ ကျော်လောက်
ကျန်ရှိနေပါသေးတယ်၊ နောက်ပြီး အောက်ခြေမှာ KIA က
ဆက်ကြေးကောက်နေတဲ့ကိစ္စတွေလည်း ဆွေးနွေးဖို့ရှိပါတယ်၊ ဆွေးနွေးမည့်ရက်ကို
အကြောင်းပြန်တာနဲ့ ကျွန်တော်တို့က သွားရောက်ဆွေးနွေးဖို့
အားလုံးပြင်ဆင်ထားပြီးပါပြီလို့ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင်
ဦးစိုင်းထိန်းလင်းက ပြောဆိုပါသည်။
No comments:
Post a Comment