Sunday, February 2, 2014

မိုးကောင်းမြို့အတွင်း စီးပွားရေးလုပ်ငန်းရှင်များအား ဆက်ကြေးပေးဆောင်ရန် KIA မှ ဆင့်ခေါ်

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မိုးကောင်းမြို့အတွင်း မှီတင်းနေထိုင်ကြသော စီးပွားရေးလုပ်ငန်းရှင်များအား ကေအိုင်အို အဖွဲ့အစည်းသို့ ဘဏ္ဍာရေးနှင့် အခြားကူညီမှုများကို ပံ့ပိုးကူညီရန်ဆိုပြီး ဆက်ကြေးများ ကောက်ခံလျက်ရှိတယ်လို့ သိရှိရသည်။

ဆက်ကြေးငွေများကို KIA အမှတ် (၁၁) တပ်ရင်းဌာနချုပ်၊ ကဆုန့်ကျေးရွာအနီး

မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးသို့ လာရောက်ပေးဆောင်ရန် ဆင့်ခေါ်ထားပြီး ဆက်ကြေးငွေကျပ် ၅၀၀၀၀၀ိ နှင့်အတူ ဆင့်ခေါ်စာကိုပါ တပါးတည်းယူဆောင်လာရန်နှင့် ဆင့်ခေါ်စာနှင့်ပက်သက်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပြဿနာ(သို့) ဆုံးရှုံးခြင်းများသည် လူကြီးမင်း၏ တာဝန်သာဖြစ်တယ်လို့ သတိပေးထားတာလည်း ဖြစ်ပါသည်။

အဆိုပါ မိုးကောင်းမြို့အတွင်း စီးပွားရေးလုပ်ငန်းရှင်များအား KIA မှ ဆက်ကြေးငွေ ကောက်ခံနေမှုနှင့် ပက်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့က မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့သို့ လာရောက်အသိပေး တိုင်ကြားမှုများလည်း ရှိနေတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဦးစိုင်းညွှန့်မောင်က ပြောဆိုပါသည်။

No comments:

Post a Comment