Friday, February 14, 2014

မဟာမြတ်မုနိဘုရားတွင် တနိုင်းနှင့် နမ္မတီးမြို့တို့မှ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ ခါးပိုက်နှိုက်ခံရ

ကချင်ပြည်နယ်၊ တနိုင်းမြို့နှင့် နမ္မတီးမြို့တို့မှ ဒေါ်ကုမ္မနီ၊ ဒေါ်ကုလားမစိန်၊ ဒေါ်စိန်သလ၊ မနောင်ဟိန်းစတဲ့ (၁၁)ဦးပါ ဗုဒ္ဓဂယာဘုရားဖူး သွားမည့်အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့၊ နံနက် (၅း၃၀)ခန့်အချိန်၌ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးအား ဖူးမျှော်ကြည်ညိုရန် မဟာမုနိဘုရားကြီး၏ရှေ့၊ ရွှေသင်္ကန်းဆိုင်အနီး ပန်းဆိုင်တစ်ဆိုင်တွင် ဘုရားပန်းများ ၀ယ်ယူနေစဉ် လက်၌လွယ်ထားသော ပိုက်ဆံအိတ်အတွင်းမှ မှတ်ပုံတင်နှင့် ငွေသား (၁၃)သိန်းကျော် ခါးပိုက်နှိုက်ခံခဲ့ရကြောင်း သိရှိရသည်။

ပျောက်မှာစိုးလို့ လက်မှာ သေချာညှက်ပြီး ပန်းဝယ်နေတာ၊
လူကလည်း များတယ်၊ ဘုရားကြီးရဲ့ မျက်နှာတော်ရှေ့၊ ရွှေသင်္ကန်းရောင်းတဲ့ဆိုင်ရဲ့ နောက်နားက ပန်းဆိုင်မှာ ၀ယ်နေတုန်း ဇစ်ဆွဲပြီးတော့ နှိုက်သွားတာရှင့်၊ ဘုရားကန်တော့ဖို့ ပိုက်ဆံအိတ်ကြည့်လိုက်တော့မှ ပိုက်ဆံအိတ်ပွင့်နေတာ တွေ့ရတော့တယ်။ မှတ်ပုံတင် ၄ ခုနဲ့ ပိုက်ဆံ (၁၃)သိန်းကျော်လောက် ပါသွားတယ်၊ မှတ်ပုံတင်လောက် ပြန်ရရင် ကျေနပ်ပါတယ်လို့ တနိုင်းမြို့မှ မနောင်ဟိန်းက ပြောဆိုပါသည်။

အဆိုပါ ပိုက်ဆံပျောက်ဆုံးမှုနဲ့ ပက်သက်ပြီး ဘုရားကြီးရဲများကို သွားတိုင်ရာ “လူကလည်း ရှုပ်နေတယ်၊ လူရှုပ်တဲ့နေ့မှ ဖြစ်တော့ ဘယ်လိုလုပ်ရမလဲ၊ အားနာတယ်၊ ဘုရားကြီးဆွမ်းလောင်းဖို့အတွက်လည်း အလုပ်ရှုပ်နေတော့  အမှတ် (၁၀) မြို့မရဲတပ်ဖွဲ့စခန်း၊ ချမ်းမြသာစည်မြို့နယ်သို့ သွားလိုက်ပါဆိုပြီး” လွှတ်လိုက်ပါတယ်၊ မြို့မရဲတပ်ဖွဲ့စခန်းကတော့ မှတ်ပုံတင်ပျောက်ဆုံးကြောင်း ထောက်ခံချက် လုပ်ပေးလိုက်ပါတယ်လို့ မနောင်ဟိန်းကပဲ ဆက်လက်ပြောဆိုပါသည်။

(၁၁)ဦးပါ ဒေါ်ကုမ္မနီနှင့် ဗုဒ္ဓဂယာဘုရားဖူးသွားမည့်အဖွဲ့ထံမှ ပါသွားတဲ့ မှတ်ပုံတင်တွေကတော့
ဒေါ်ကုမ္မနီ ၁/ပတအ(နိုင်)၀၁၆၅၂၉၊ ဒေါ်ကုလားမစိန် ရ/ကတခ(နိုင်) ၁၈၆၂၃၆
ဒေါ်စိန်သလ ၁/ပတအ(နိုင်)၀၁၆၃၇၇၊ မနောင်ဟိန်း ၁/ပတအ(နိုင်)၀၃၄၉၀၄ တို့ ဖြစ်တယ်လို့လည်း သိရှိရပါသည်။

No comments:

Post a Comment