ကုလအထူးကိုယ်စားလှယ်
မစ္စတာကင်တားနားကို မဒူရာဟိုတယ်၌ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အဖွဲ့ခေါင်းဆောင်
ဦးစိုင်းထိန်လင်း၊
ဒုခေါင်းဆောင် ဦးစိုင်းစန်းဝေ၊ ဦးခင်မောင်အေးနှင့် ဆင်ဘိုမြို့နယ်ခွဲ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင်
ဦးစိုင်းမျိုးဝင်းတို့က သွားရောက်တွေ့ဆုံခဲ့ကြရာ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊
ဆင်ဘို၊ မိုးကောင်း၊ ဖားကန့်၊ မံစီ၊ ရှင်ဗွေယန်မြို့နယ်များတွင် ဒေသခံရှမ်းမျိုးနွယ်စုများအပေါ်
KIA မှ ဆက်ကြေးကောက်ခံနေခြင်း၊ လူသစ်တောင်းခံနေခြင်း၊ KIA စစ်သားအဖြစ် အလှည့်ကျ တာဝန်ထမ်းဆောင်နေရခြင်း၊
ခြိမ်းခြောက်ပြောဆို စစ်ဆေးမေးမြန်း ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကြောင့်
စီးပွားရေး၊ ကူးသန်းသွားလာ နေထိုင်ရေးတို့ အခက်အခဲဖြစ်နေသည့် အခြေအနေများကို တင်ပြခဲ့ကြပြီး
ဆန္ဒမပါပဲ
KIA ဖမ်းဆီးခံ ဒေသခံများ ပြန်လွှတ်ပေးရေး၊ ဒေသခံများအပေါ် ဆက်ကြေးငွေနှင့် ရိက္ခာဆန် ကောက်ခံမှုများ
မပြုလုပ်ရေး၊ မူးယစ်ဆေးဝါး အသိပညာပေး ဆောင်ရွက်ရေး၊ ခရီးသွားပြည်သူလူထုအား တားဆီးစစ်ဆေး၊
မေးမြန်းခြိမ်းခြောက်ခြင်း မပြုလုပ်ရေးတို့ကို KIA အဖွဲ့ကို မေတ္တာရပ်ခံ တိုက်တွန်းပေးရန်
တောင်းဆိုခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုခေါင်းဆောင် ဦးစိုင်းစန်းဝေက ပြောကြားသည်။
KIA
အဖမ်းဆီးခံ ရှမ်းလူငယ်များ ပြန်လွှတ်ပေးရေးကိစ္စနှင့် ပက်သက်၍ KIO နည်းပညာအထောက်အကူပြုအဖွဲ့နှင့်
ဆွေးနွေးရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးသဖြင့်
မစ္စတာကင်တားနားအနေဖြင့် ညှိနှိုင်းပေးရန်နှင့် သန်းခေါင်းစာရင်း ကောက်ယူမှုနှင့် စပ်လျဉ်း၍
ရှမ်းမျိုးနွယ်စုများအတွင်း သဘောထားကွဲလွဲမှုတစ်ချို့ရှိသော်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကောက်ယူသော ၂၀၁၄ သန်းခေါင်စာရင်းကို အကောင်းမြင်ကြောင်း မစ္စတာကင်တားနား၏ မေးမြန်းမှုကို
ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဦးစိုင်းစန်းဝေကပဲ ပြောကြားခဲ့ပါသည်။
No comments:
Post a Comment