တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးအပါဝင် သံဃာတော်အပါး ၃၀ ကျော်လည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့ကို သံဃာတော်များ ထဲထဲဝင်ဝင် မဆောင်ရွက်နိုင်သောကိစ္စရပ်များကို ဆောင်ရွက်ရွက် ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်၊
၁။ ဒေသအလိုက် မြို့နယ်ရပ်ကွက်များနှင့် လူမှုရေး၊ ဘာသာရေး၊ ပရဟိတအသင်းအဖွဲ့များ၊ အချင်းချင်း ချိတ်ဆက်စုစည်းကာ ၀ံသာနုရက္ခိတအဖွဲ့ အမည်ဖြင့် ဆရာတော်ကြီး၏ သြ၀ါဒများကို ခံယူ၍ ဖွဲ့စည်းကြရန်။
၂။ လူငယ်ယဉ်ကျေးမှုသင်တန်းများနှင့် ဘာသာရေးသင်တန်းများ ဖွင့်လှစ်ခြင်း။
၃။ ဘာသာရေး လူမှုရေး ပရဟိတအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။
၎။ လူငယ်များအတွက် အသက်မွေးကြောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း။
၅။ အသိညာဏ်ပွင့် ဟောပြောပွဲများ သင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း ဆိုတဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရမှာဖြစ်ပြီး ရပ်ကွက်ကျေးရွာအဆင့်ထိ အဆင့်အဆင့်ဖွဲ့စည်းသွားကြရမယ်လို့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကိုယ်စားပြုတက်ရောက်ခဲ့တဲ့ ကိုဖိုးလုံးက ပြောဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့ကို ဓမ္မစက္က ဦးမောင်မောင်က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်မှာဖြစ်ပြီး ဘဏ္ဍာရေး၊ စာရင်းစစ်၊ စည်းရုံးရေးနှင့် အသိပညာပေးရေး၊ လုပ်ငန်းဖေါ်ဆောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ရုံးအဖွဲ့စတဲ့ ဆက်မကော်တီတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

No comments:
Post a Comment