Saturday, February 22, 2014

၉၆၉ အမှတ်တံဆိပ်အချိုရည် ဈေးကွက်အတွင်း ဖြန့်ချီမည်

၉၆၉ အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်ကို မကြာမှီ ဈေးကွက်အတွင်း
ဖြန့်ချီတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တွင် တွေ့ရှိရသော
ကြော်ငြာဆိုင်းဘုတ်များအရ သိရှိရသည်။

၉၆၉ အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်ကို မကြာမှီ ဈေးကွက်အတွင်း
ဖြန့်ချီမည့်အကြောင်း မန္တလေးမြို့၊ နေရာတစ်ခုတွင် ကြော်ငြာထားပြီး " ၉၆၉
အမှတ်တံဆိပ်တော်ကို မြတ်နိုးစွာ အသုံးပြု၍ နယ်လှည့်
ဖြန့်ဖြူးရောင်းချခြင်း၊ ၀ယ်ယူသုံးစွဲခြင်းဖြင့် အမျိုးဘာသာ သာသနာကို
မြှင့်တင်စောက်ရှောက်ပါ" လို့ အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင်
ရေးသားထားတာကို တွေ့မြင်ရပါသည်။

"အမျိုးဘာသာ သာသနာ ထွန်းလင်းတောက်ပဖို့ ၉၆၉ ကို အားပေးစို့၊
ဓါတုဆေးဝါးများ လုံးဝမပါဝင်သောကြောင့် ယုံကြည်စိတ်ချစွာ
သောက်သုံးနိုင်ပါသည်" ဆိုသည့် ၉၆၉ အားဖြည့်အချိုရည်ကို မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ အောင်မြန်မာကဖေး၊ ဖုန်း-၀၉.၃၃၀၄၃၇၆၂ က ထုတ်လုပ်ဖြန့်ချီတာလို့လည်း သိရှိရပါသည်။

No comments:

Post a Comment