နိုင်ငံရေးသမားတို့သည်
လူထုအကျိုးပြု ပရဟိတလုပ်ငန်းတစ်ချို့ကို ပြုလုပ်ကြသော်လည်း အပေးအယူဆန်ဆန် ပြုလုပ်လေ့ရှိခြင်း၊
မသေချာသော အကျိုးရလာဒ်ကို ချပြစည်းရုံးခြင်း၊ လူထုအကျိုးပြုလုပ်ငန်း၏ အခြားတဖက်၌ နိုင်ငံရေးလမ်းစဉ်
အစိတ်အပိုင်းတစ်ချို့ ရှိနေတတ်ခြင်းတို့ကြောင့် နိုင်ငံရေးဆန်သော ပရဟိတဟူ၍ ဆိုခြင်းဖြစ်သည်။
နိုင်ငံရေးသမားတို့၏
လူထုအကျိုးပြု ပရဟိတလုပ်ငန်းသည် လူထုကို ဗဟိုပြုသည့် အကျိုးပြုလုပ်ငန်းသက်သက်မဟုတ်ဘဲ
နိုင်ငံရေးလမ်းစဉ် အစိတ်အပိုင်းတစ်ချို့ကို ထောက်ခံဆက်နွယ်နေ၍ နိုင်ငံနှင့် လူမျိုးအတွက်
နိုင်ငံရေးလမ်းစဉ်ကောင်းဟု ခေါင်းစဉ်တပ်နိုင်သော်လည်း စင်စစ်အားဖြင့် လူထုအကျိုးပြုလုပ်ငန်းနှင့်စာလျှင်
စကားလုံး လှလှတွေသုံး၍ နိုင်ငံရေးအဖွဲ့အစည်းနှင့် နိုင်ငံရေးလမ်းစဉ်တို့ကိုသာ ဗဟိုပြုသွားသည့်ပုံစံများကသာ
များနေတာကို တွေ့မြင်နိုင်သည်။
ပရဟိတဟူသည် လူမျိုးဘာသာ
မခွဲခြားဘဲ လူထုအကျိုးပြု လုပ်ငန်းသက်သက်ကို ဆိုလို၍ လူမျိုးဘာသာ ခွဲခြား၍ မိမိလူမျိုး၏
အမျိုးသားအကျိုးစီးပွားအတွက် အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်းသည် ပရဟိတစစ်စစ် မဟုတ်တော့ဘဲ
ပရဟိတဆန်သော နိုင်ငံရေးဟူ၍ ဆိုခြင်းဖြစ်သည်။ တနည်းအားဖြင့် အမျိုးသားရေးဟူ၍လည်း ခေါ်ဆိုနိုင်သည်။
အမျိုးသားရေးသမားများသည်
အကျိုးအမြတ်ကို မမျှော်ကိုးဘဲ အမျိုးသားအကျိုးစီးပွားအတွက် လူထုကိုမဟိုပြုသည့် ပရဟိတမဟုတ်တဲ့
လူထုအကျိုးပြု ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူများဖြစ်၍ မြတ်ဗုဒ္ဓ၏ ကျင့်စဉ် (၃)ပါးထဲက
တပါးဖြစ်သည့် ညာတထ္ထစရိယာအကျင့်ကို ကျင့်ကြံသူများလည်းဖြစ်ပါသည်။ ဒါကြောင့် မြတ်ဗုဒ္ဓ၏
စရိယ (၃)ပါးဖြစ်သည့်
၁။ လောကတထ္ထစရိယာ
= လူထုအကျိုးပြု ပရဟိတလုပ်ငန်းစစ်စစ်
၂။ ညာတထ္ထစရိယာ
= အမျိုးသားအကျိုးစီးပွား အကျိုးပြုလုပ်ငန်း
၃။ ဗုဒ္ဓတ္ထစရိယာ
= သစ္စလေးပါးကို သိခြင်းအကျိုးငှာ ကျင့်ခြင်းဆိုတဲ့ အကျင့်သုံးပါးကို တက်စွမ်းသလို ဆောင်ရွက်သွားနိုင်ကြပါရန်
တိုက်တွန်းတင်ပြလိုက်ရပါသည်။
ဧရာဝတီမြစ်ဖျားဆီက
အယ်ဒီတာ့အာဘော်
No comments:
Post a Comment