![]() |
ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်း ကွင်းဆင်းဆောင်ရွက်နေစဉ် |
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊
ဖားကန့်၊ အင်းတော်ကြီးဒေသများနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်တို့တွင် နိုင်ငံတော်အစိုးရသို့
တင်ပြကာ တရားဥပဒေနှင့်အညီ ပြည်သူ့စစ်အင်အား (၅၀၀၀)အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း
သိရသည်။
နိုင်ငံတော်အစိုးရကိုတော့
တင်ပြထားပြီးပါပြီ၊ အစိုးရကခွင့်ပြုတာနဲ့ တပြိုင်နက် အရန်သင့် ဆောင်ရွက်နိုင်အောင် မြစ်ရိုးတစ်လျှောက်နှင့် မိုးညှင်း၊
မိုးကောင်း၊ စတဲ့ဒေသဘက်က လူငယ်တွေကို တာလောကြီးဒေသမှာ စစ်သင်တန်းပေးဖို့ စီစဉ်ဆောင်ရွက်နေပြီး
ဆင်ဘိုဘက်မှာ အင်အား(၃၀)ခန့်နဲ့ စတင်ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ရပ်ရွာလုံခြုံရေးနဲ့
အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အခုလို ပြည်သူ့စစ်အင်အား (၅၀၀၀)လောက်အထိ
တိုးချဲ့ဖွဲ့စည်းသွားဖို့ စီစဉ်ဆောင်ရွက်ရတာပါ၊ ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလမို့  နှစ်ဘက်သဘောတူညီချက်ကို
မချိုးဖောက်လိုတာကြောင့် KIA က လူသစ်စုဆောင်းတာတွေ၊ ဆက်ကြေးတောင်းတာတွေ၊ လူ့အခွင့်အရေး
ချိုးဖောက်နေတာတွေကို စစ်တပ်က လုံခြုံရေးအပြည့်အဝ
မပေးနိုင်ပါဘူး၊ ဒီအတိုင်း လက်ပိုက်ကြည့်နေရတဲ့ အနေအထားဖြစ်နေပါတယ်။
ဒါကြောင့်
ကချင်ပြည်နယ်အတွင်း နေရာအနှံ့က တရားဥပဒေစိုးမိုးမှုမရှိတဲ့ နေရာဒေသတွေမှာ ပြည်သူ့စစ်တွေ
ဖွဲ့စည်းသွားဖို့ စီစဉ်ဆောင်ရွက်ရတာပါလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်၊
အင်အား (၈၀၀)ကျော်ရှိသော တာလောကြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့၏ နာယကလည်းဖြစ်တဲ့ ဦးစိုင်းစန်းဝေက
ပြောဆိုပါသည်။
![]() |
အင်အား(၈၀၀)ကျော်ရှိသော တာလောဌာနေပြည်သူ့စစ် |
![]() | |
နိုင်ငံတော်သို့ ရေးရာအဖွဲ့မှ တင်ပြထားသောစာ |
No comments:
Post a Comment