မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊
ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု တာစန့်ရွာ၊
မိုင်းမော(၀ိန်းစွမ်)ဒေသ၌ နိုင်ငံတော်မှ သတ်မှတ်ထားသော
ရှေးဟောင်းရှမ်းမြို့တော် မိဘဘိုးဘွားပိုင် ယဉ်ကျေးမှုဇုန်တွင် ၁၃၇၅-ခုနှစ်၊
တပို့တွဲလပြည့်ကျော်(၈)ရက်၊ (၂၂-၂-၂၀၁၄) စနေနေ့က တိဂုမ္ဘလောကမုနိ
အောင်မြေမှန်ကူ ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပွဲ ကျင်းပခဲ့သည်။
အောင်မြေမှန်ကူ ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးကို
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များက ဦးဆာင်၍
မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်ကြီး၏ အဓိပတိ မဟာနာယကချုပ်၊
နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသီလ၀ံသ သက်တော်ရှည်ဆရာတော်ကြီး၏
သြ၀ါဒကို ခံယူကာ ၀ိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရာ၊ ရပ်ကွက်အသီးသီးမှ
မိဘပြည်သူများ၏ စုပေါင်းအားဖြင့် တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့
သိရှိရသည်။
No comments:
Post a Comment