Friday, February 28, 2014

မောင်အောင်စိုးဦးအား တနှစ်ပြည့်ရင် ပြန်လွှတ်ပေးမည်ဟု KIA က ပြောခဲ့သော်လည်း ပြန်လွှတ်ပေးခြင်း မရှိသေး



KIA ဖမ်းဆီးခံရစဉ်အခါက ၁၆ နှစ်ကျော်သာရှိသေးသော မောင်အောင်စိုးဦး၏ ဖခင်အား KIA ရင်း(၃၀)မှ ဦးဘရန်နာက "တစ်နှစ်ပြည့်ရင် ပြန်လွှတ်ပေးမယ်"လို့ ပြောဆိုခဲ့သော်လည်း တစ်နှစ်နဲ့တစ်လကျော်လာပြီဖြစ်သော ယနေ့အချိန်အထိ "ပြန်မလွှတ်သေးပါဘူး"လို့ ဖခင်ဖြစ်သူ ဦးတင်ဦးက ပြောဆိုပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘုံချောင်းကျေးရွာနေ မောင်အောင်စိုးဦး အသက် (၁၇)နှစ်ကျော် (၁၈)နှစ်ထဲ(လက်ရှိ)၊ အဘ-ဦးတင်ဦး+အမိ-ဒေါ်လှကြည်၊ ၁/မညန(နိုင်)၁၆၂၉၅၆ ကို ပြာသိုလဆန်း(၁)ရက်၊ (၁၂၊၁၊၂၀၁၃)ရက်နေ့တွင် KIA တပ်ရင်း (၃)က ရှငေါ်ရွာမှာ ရွှေလုပ်သွားရင်း ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ရုပ်သံမေးမြန်းချက် အပြည့်အစုံကို မောင်အောင်စိုးဦး၏ ဖခင်ဖြစ်သူ ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။



ရုပ်သံကို youtube တွင်ကြည့်ရှုရန် ဒီနေရာတွင် နှိပ်ပါ

No comments:

Post a Comment