သားဖြစ်သူအား KIA ဖမ်းခေါ်သွားတာနဲ့ ပက်သက်ပြီး “ကျွန်တော်ကတော့ KIA အပေါ်မှာ အကောင်းမြင်ဝါဒ သိပ်မမြင်ဘူးပေါ့၊ အရာရာအစစမှာ သူတို့က ဘာသာရေးရော၊ စီးပွားရေးရော၊ လူမှုရေးရော အကုန်လုံး ခုတုံးလုပ်သွားတယ်လို့ပဲ ထင်ထားတာပဲ၊ အဲသလိုပဲမြင်တယ်လို့” KIA ဖမ်းဆီးခံရသူ မောင်စံထွန်းဦး၏ ဖခင်ဦးလှထွန်းက ပြောဆိုပါတယ်။ မိခင်ဖြစ်သူ ဒေါ်မကောင်းကတော့
သူ၏သားကို “ မရ ရတဲ့နည်းတဲ့ ပြန်ခေါ်ချင်တယ်” လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်လုံကျေးရွာ၊ ရပ်ကွက် (၄)နေ၊ အဖ-ဦးလှထွန်း+ အမိ-ဒေါ်မကောင်း(ခ)ဒေါ်စိန်ကြည်တို့၏ သားကြီးဖြစ်သူ မောင်စံထွန်းဦး(ခ)မောင်ဇင်မင်းကြည်၊ အသက် (၂၃)နှစ်၊ ၁/မကတ(နိုင်)၁၁၅၃၂၀၊ ရှမ်း၊ဗုဒ္ဓကို ၂၀၁၁ ခုနှစ်၊ ၂ လပိုင်းခန့်က ဧရာဝတီမြစ်ဆုံ (၁၉) မိုင်စခန်းတွင် KIA တပ်ရင်း(၄)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ် မရသည့်အပြင် ယနေ့အချိန်အထိလည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။
ရုပ်သံမေးမြန်းချက် အပြည့်အစုံကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့်အတူ တပါတည်း လိုက်ပါသတင်းယူနေတဲ့ ဧရာဝတီမြစ်ဖျားသတင်းထောက် ကိုစိုင်းဇော်ဦးက ရိုက်ကူးတင်ပြထားပါတယ်။
No comments:
Post a Comment