![]() |
ဓါတ်ပုံး သျှမ်းနီအမျိုးသားရေးအစည်းအရုံး |
အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့တွင် မီးလောင်မှုကြောင့် ဘုရားပွဲကာလအတွင်း ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင် ၉ ဆောင်နှင့် ဈေးဆိုင်ခန်း နှစ်ခန်းတွဲ ၂ တွဲ၊ ခန့်မှန်းတန်ကြေး ငွေကျပ်သိန်း (၁၅၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ အင်းတော်ကြီးဘုရားပွဲတော်သို့ ရောက်ရှိနေတဲ့ မိုးညှင်းမြို့မှ မောင်အောင်ပြေငြိမ်းဦးက ပြောဆိုသည်။
အဆိုပါ မီးလောင်မှုသည် ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင်မှ စတင်လောင်ကြွမ်းခဲ့တာဖြစ်ပြီး လေတိုက်နေသည့်အတွက် (၁၀)မိနစ်ခန့်အတွင်း အခုလို တည်းခိုးဆောင် ၉ ဆောင်နဲ့ ဈေးဆိုင်ခန်း ၂ ခန်း မီးလောင်သွားခဲ့ပေမယ့် ဘုရားပွဲလာ ပရိတ်သတ်တွေကိုတော့ ဒဏ်ရာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း မောင်အောင်ပြေငြိမ်းဦးကပဲ ဆက်လက်ပြောဆိုသည်။
မိုးညှင်းမြို့နယ် အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရားပွဲတော်ကို အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း ၃၁ ရွာက တိုင်းလျန်ရှမ်းလူမျိုးများနှင့် အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင် မိဘပြည်သူများက နှစ်စဉ် တပေါင်းလဆန်း(၈) ရက်နေ့မှ (၁၅)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာလည်း ဖြစ်သည်။
အောင်ပြေငြိမ်းဦး၊ မိုးညှင်း
No comments:
Post a Comment