![]() |
သတင်းဓါတ်ပုံး သျှမ်းနီအမျိုးသားရေးအစည်းအရုံး |
မိုးညှင်းမြို့နယ်၊
ရွာသစ်ကုန်းအုပ်စု၊ ထန်းတပင်ရွာနေ ဦးအောင်မင်းသည် ၄င်းထန်းတပင်ရွာ၏ အရှေ့ဘက်၊ မိုးညှင်းဒီဂရီကောလိပ်အအနီး
၃ မိုင်ခန့်အကွာ ကျောက်ဖြူတောင် နှစ်မြွှာဆုံ၊ တူးလမ်းတွင် ၂၀၁၄ ၊ မတ်လ ၁၂ ရက်နေ့ ၁၂
နာရီကျော် အချိန်၌ ဟင်းကြင်းရွက်ခူးစဉ် မိုးထိမှန်၍ ရင်အုံ၊ ညာဘက်ပေါင်နှင့် ခြေသလုံးတို့တွင်
ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထန်းတပင်ရွာ ဒေသခံ ဦးရန်ခင်က ပြောကြားသည်။
ပထမတစ်ယောက်ထိတဲ့
မောင်ကျော်ဇင်အေးကတော့ KIA က မိုင်းဖိုးတောင်းမှာ ကြောက်လို့ဆိုပြီး ဆိုင်ကယ်မှောက်တယ်ဆိုပြီးတော့
ဆေးရုံသွားသွားတက်လိုက်တာဗျ၊ သူက ထင်းခုတ်သွားရင်းနဲ့ သစ်ပင်လှဲတဲ့အခါကျတော့ သစ်ပင်ရဲ့
အကိုင်းအဖျားက မိုင်းကို သွားထိမိတာ၊ အဲဒီမှာ မိုင်းက ထကွဲရော၊ သူကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ကြီး
မရလိုက်ဘူးဗျ၊ ဦးအောင်မင်းကတော့ ဟင်းကြင်းရွက် ခူးရင်းနဲ့ထိတာ၊ ဘယ်သူမှ မသွားရဲလို့
မိုင်းကွဲတဲ့ နေရာကနေ တောင်ခြေအထိ ထမ်းစဉ်နဲ့ ထမ်းခဲ့ရတာ၊ တောင်ခြေကနေ ဘိုးဘွားရိပ်သာအထိ
ကားနဲ့ပို့၊ ဘိုးဘွားရိပ်သာကနေ ဆေးရုံကားနဲ့ ပြန်ပို့ပေးတာ၊ ဦးအောင်မင်းက “ငါတို့
လုပ်စားတဲ့နေရာကို မိုင်းထောင်တယ်ဆိုပြီး” KIA နာမည်တပ်ကာ သတိရတိုင်း ဆဲဆိုကြိမ်းမောင်းနေတယ်လို့
သွေးသုံးပုလင်း၊ ပိုက်ဆံတစ်သိန်းနဲ့ ဆေးရုံအထိ လိုက်ပါ ရှာဖွေ ကူညီပေးခဲ့သူ ခြံလုပ်ငန်းရှင်တစ်ဦးက
ပြောကြားသည်။
မိုးညှင်းမြို့
ဒီဂရီကောလိပ်နှင့် ၃ မိုင်ခန့်သာ ကွာဝေးသော အဆိုပါ ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာဒေသသည်
ဟင်းကြင်း၊ ကန်ဇင်းစတဲ့ ဟင်းသီးဟင်းရွက်တွေကို ရွာသူ/သားများ အမြဲတန်း ရှာစားတဲ့ နေရာဖြစ်ပြီး
KIA ထိန်းချုပ်နယ်မြေ မဟုတ်ပေမယ့် KIA က မိုင်းတွေ ထောင်ထားတယ်၊ တစ်ချို့နေရာတွေမှာ
စာတောင်ကပ်ထားသေးတယ်၊ စစ်တပ်က တခါတလေ အရောင်ပြပြီး စစ်ကြောင်းထိုးတာလောက်ပဲ ရှိတယ်၊
အရောင်ပြပြီး ပြန်ပြန်သွားတယ်လို့ ခြံလုပ်ငန်းရှင်ကပဲ ဆက်ပြောသည်။
မိုင်းထိဒဏ်ရာ
ပြင်းထန်သူ ဦးအောင်မင်းသည် မိုးညှင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အိမ်ခြေ
(၁၅၀)ကျော်ခန့်ရှိသော မိုးညှင်းမြို့နယ်၊ ထန်းတပင်ရွာသည် ရှမ်းနီတိုင်းရင်းသားများ
နေထိုင်ကြတာလည်း ဖြစ်သည်။
No comments:
Post a Comment