Wednesday, March 5, 2014

ကချင်ပြည်နယ်က ရှမ်းငါးမျိုး စည်းလုံးညီညွှတ်ရေး သြ၀ါဒခံ

ကချင်ပြည်နယ်က ရှမ်းငါးမျိုးဖြစ်တဲ့ တိုင်းလျန် တိုင်းလုံ တိုင်းလေ တိုင်းဆာ ခမ်းတီးရှမ်းဆိုတဲ့ ရှမ်းမျိုးနွယ်စုများဟာ စည်းလုံးညီညွှတ်ရေးကို အစဉ်ရှေးရှုလျက် မြန်ပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသမှာ ရဟန်းရှင်လူ ပြည်သူလူထုအပါအ၀င် အစိုးရနှင့် စစ်တပ်ကိုပါ သြဇာတိက္ကမ ကြီးမားတော်မူတဲ့ မြစ်ကြီးနားမြို့က သက်တော်ရှည် ဓမ္မရက္ခိတ၀န်းသိုကျောင်း ဆရာတော်ကြီးထံမှာ ၂၀၁၄ ခု၊ မတ် ၃ ရက်နေ့ မနက်ပိုင်းက သြ၀ါဒ ခံယူခဲ့ကြတယ်လို့ သိရှိရသည်။



ဆရာတော်ကြီးထံမှာ တိုင်းလျန် တိုင်းလုံ တိုင်းလေ တိုင်းဆာ ခမ်းတီးရှမ်း ငါးမျိုးလုံးက သြဝါဒခံယူကြတာပါ၊
ရှမ်းတွေအားလုံး စည်းလုံးညီညွတ်ဖို့  တပေါင်းတစည်းထဲ အလုပ်လုပ်ကြဖို့၊ ရှမ်းအမျိုးသားရေးကို ဦးစားပေးဆောင်ရွက်ဖို့၊
မိမိတို့ ပြည်နယ်တွင်းရှိ ရှမ်းလူမျိုးများအရေးကို ဦးစားပေးဆောင်ရွက်ကြဖို့၊ အာဏာရရေးကို ဦးစားမပေးဖို့  အာဏာရှိအောင် ဆောင်ရွက်ဖို့ သြ၀ါဒ ခံယူခဲ့ကြတာပါလို့ ရှမ်းအမျိုးသားရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။

သက်တော်ရှည် ဓမ္မရက္ခိတ၀န်းသိုကျောင်းဆရာတော်ကြီးက  အမျိုးသားရေးကို ဦးစားပေး ဆောင်ရွက်ကြဖို့နဲ့ စည်းလုံးညီညွှတ်ကြဖို့ မိန့်ကြားတော်မူခဲ့ပြီး ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စု ငါးမျိုးရဲ့ ဘုံနာမည်ကို တိုင်းယင်လ် = ငြိမ်းချမ်းရေးကို လိုလားသော ငြိမ်းချမ်းစွာနေလိုသော ရှမ်းလို့ ခေါ်ဝေါကြရန်လည်း  သြ၀ါဒပေး မိန့်ကြားခဲ့တယ်လို့လည်း ဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။

မငြိမ်းချမ်းတဲ့ဒေသကို အကြောင်းပြုတာမို့ ငြိမ်းချမ်းရေးရှမ်းလို့ အမည်ပေးချင်တာ၊ ရှမ်းတွေအားလုံးကိုလည်း စည်းလုံးညီညွှတ်စေချင်တာ၊ ဆရာတော်ကြီးရဲ့ စေတနာပေါ့လို့ သြ၀ါဒခံယူပွဲသို့ တက်ရောက်ခဲ့သူ တိုင်းလျန် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးမှ ပြောကြားသည်။

မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်မှာ ကျင်းပတဲ့ အဆိုပါ သြ၀ါဒခံယူပွဲသို့ မြစ်ကြီးနား၊ မိုကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ခတ်ချို၊ တာလော၊ မိုးမောက် စတဲ့ ဒေသဘက်တွေက တိုင်းလျန် တိုင်းလုံ တိုင်းလေ တိုင်းဆာ ခမ်းတီးရှမ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မိုးမောက်မြို့နယ် ရှမ်းနီပါတီတို့ အပါအ၀င် ရှမ်မျိုးနွယ်စု ( ၇၀ ) လောက် တက်ရောက်ကာ သြ၀ါဒ ခံယူခဲ့ကြတယ်လို့လည်း သိရှိရပါသည်။

No comments:

Post a Comment