အဆိုပါ မိုင်းနောင်ရွာမှ ဒေသခံရှမ်းရွာသားများ၏ ထင်းသယ်ကားများကို ၄င်းမိုင်းနောင်ရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ နန့်သလွန်ချောင်းဘေးတွင် တပ်စခန်းထိုင်ထားသည့် KIA ယင်း(၆)မှ အင်အား (၅၀)ခန့်သည် အိမ်သုံးရန် ထင်းများ ခွေယူသယ်ဆောင် စုဆောင်းကြသော ရွာသားများ၏ ထင်းသယ်ကားများကို ဆက်ကြေးကောက်ခံတာဖြစ်တယ်။
ထင်းနှစ်ကားခွဲဆန့် ထင်းကားတစ်စီးလျှင် ထင်ခြမ်းအကြီး နှစ်ခြမ်းနှင့် ဒီဇယ်ဆီ နှစ်ပုလင်းစီ ဆက်ကြေးပေးဆောင်ရတာဖြစ်တယ်။ အခုတလော ထင်သယ်ကားတွေက နေ့တိုင်းလိုလို အိမ်သုံးဖို့ သယ်ယူစုဆောင်းနေတာဖြစ်တယ်။ အခုလို ဆက်ကြေးကောက်ခံနေတာလည်း တစ်လလောက်ရှိပြီဖြစ်တယ်၊ ထိုကဲ့သို့ ဒေသခံ ရှမ်းရွာသားများအပေါ် KIA မှ ဆက်ကြေးကောက်ခံနေသောကြောင့် ရွာသားများမှာ မခံမရပ်နိုင် ဖြစ်နေကြပေမယ့် ဘယ်သူ့ကိုမှလည်း မပြောရဲကြဘူးလို့ ဧရာဝတီမြစ်ဖျားသတင်းထောက် စိုင်းပြေညီမ်းက မိုင်းနောင်ရွာကနေ သတင်းပေးပို့ထားပါတယ်။
မြန်ပြည်မြောက်ပိုင်း၊ မိုးညှင်းမြို့နယ်၊ ၄င်းမိုင်းနောင်ရွာသည် အိမ်ခြေ(၈၀၀)ကျော်ရှိပြီး တိုင်းလျန်(ရှမ်းနီ)လူမျိုးများ
No comments:
Post a Comment