Tuesday, March 25, 2014

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို ဒေါ်ခွန်ဂျာ ဝေဖန်

မြစ်ကြီးနားတွင် အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် ကောက်ခံခဲ့စဉ်
အမျိုးစောင့်ဥပဒေဟု ခေါ်ဝေါ်သော လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပြဌာန်းရေးအဆိုကို သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့က ပယ်ချသင့်သည်ဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်တာနှင့် ပက်သက်၍ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ယင်းလက်ထက်ထိမ်းမြားခြင်းဆိုရာ ဥပဒေကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဒေါ်ခွန်ဂျာက “ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေဆိုရင် ဗုဒ္ဓဘာသာတွေပဲ လိုက်နာဖို့လိုတဲ့ ဥပဒေမျိုးဖြစ်သင့်ပါတယ်။ လူမျိုးပေါင်းစုံဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာတစ်မျိုးတည်းကိုပဲ စောင့်ထိန်းရမယ့် ဥပဒေမျိုးကို နိုင်ငံသားအားလုံးအတွက် ပြဌာန်းမယ်ဆိုရင် ကျန်တဲ့ ဘာသာတွေကို စော်ကားလိုက်တာပဲ”ဟု ဒေါ်ခွန်ဂျာက မဇ္ဈိမကိုပြောဆိုပါတယ်။

"ဒေါ်ခွန်ဂျာက ဒီဥပဒေအကြောင်းကို ဂဃနဏ မသိလို့ ပြောတာဖြစ်ပါလိမ့်မယ်၊ ဦးဇင်းတို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရဲ့ အခြေခံစည်းမျဉ်းထဲမှာ အမျိုးဆိုတာကို တိုင်းရင်းသား ၁၃၅ မျိုးလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဒီလက်ထက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေဟာလည်း ၁၃၅ မျိုးသော တိုင်းရင်းသူအမျိုးသမီးများကို ကာကွယပေးတဲ့ ဥပဒေတစ်ရပ် ဖြစ်လာမှာပါ၊ ၂၀၁၃ ခုနှစ်၊ ၁၀ လပိုင်းတုန်းကလည်း ကချင်မိသားစုတစ်ခုရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရပြီး မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်းရပ်ကွက်မှာနေတဲ့ အသက် ၁၄ နှစ်ရွယ် ဗမာအမျိုးသမီးလေးတစ်ဦးကို တိုင်းရင်းသားမဟုတ်တဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့လို့ မြစ်ကြီးနား မဘသအဖွဲ့က ငွေရေးကြေးရေးနဲ့ ဥပဒေရေးရာကိစ္စတွေမှာပါ ကူညီပေးခဲ့ပါတယ်"လို့ မြစ်ကြီးနားမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က သုတေသနနှင့် သမိုင်းတာဝန်ခံဆရာတော် ဦးကောဝိဒက မိန့်ကြားပါတယ်။

ကချင်ပြည်နယ်တွင် အစိုးရစာရင်းဇယားများနှင့် ခန့်မှန်းလူဦးရေ ၁၃ သိန်းကျော်ခန့်ရှိကာ ရှမ်းခေါင်းဆောင်များက ရှမ်းလူမျိုးဦးရေ (၇)သိန်းခန့် ရှိတယ်လို့ ပြောဆိုထားပြီး ဦးကောဝိဒကတော့ မနှစ်က အင်းစိန် အမျိုးစောင့်ဥပဒေ သံဃညီလာခံကြီးတွင် ကချင်ပြည်နယ်က ထောက်ခံလက်မှတ်ပေါင်း တစ်သိန်း ခြောက်သောင်းကျော် တင်သွင်းခဲ့တယ်လို့ မိန့်ကြားပါတယ်။

2 comments:

  1. လာလည်သွားပါတယ်ဗျာ.. ကျွန်တော်တို့ ဘာလောဂ် http://mmtgs.blogspot.com ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်

    ReplyDelete
  2. အများစုကတလင်တမယားစနှစ်ကြိုက်တယ်။ခွန်ဂျာလိုကြိုက်ကုန်းကတော့ ဘယ်ကြိုက်မလဲ။တွေတဲ့ လူကုန်းနေတာကိုး။ဒါပေမဲ့ စပီတော့ တိုက်ရမယ်နော်။

    ReplyDelete