ဖမ်းဆီးစုဆောင်းခံ ရွှေကျင်လုပ်သားများ စစ်သင်တန်း တက်ရောက်နေရ
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ်ဆုံ၊ တီယန်စွပ်ရွှေမှော်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏
တပ်သားသစ်စုဆောင်းရေး ဖမ်းဆီးစုဆောင်းခြင်း ခံရသော ရွှေကျင်လုပ်သားများ KIA
တပ်မဟာ(၁)တွင် စစ်သင်တန်းတက်ရောက်နေရကြောင်း ဖမ်းဆီးစုဆောင်းခြင်း
ခံရသူများကို ပြန်လွှတ်ပေးရန် သွားရောက်တွေ့ဆုံ တောင်းခံခဲ့တဲ့ မိဘများမှတဆင့် သိရှိရသည်။
၎င်းတီယန်စွပ်ရွှေမှော်မှ ဖမ်းဆီးစုဆောင်းခြင်းခံရသူ အချို့ကို KIA မှ
ပြန်လွှတ်ပေးခဲ့သော်လည်း အများစုကိုတော့ ပြန်မလွှတ်ပေးသေးကြောင်း၊
မိဘများကိုယ်တိုင်က ငိုယိုတောင်းပန်သော်လည်း မရကြောင်း၊ အချို့မိဘများမှာ
ယင်းသားသမီးများကို မှီခိုအားထားနေရသူများဖြစ်ကြောင်း၊
အချို့မိဘများမှာ မျက်မမြင်ဒုက္ခိတများဖြစ်၍ ပြန်လွှတ်ပေးစေလိုကြောင်း
ပြောသော်လည်း မရခဲ့ကြောင်း သားဖြစ်သူကို ပြန်လွှတ်ပေးရန် ကိုယ်တိုင်
သွားရောက်တွေ့ဆုံ တောင်းခံခဲ့တဲ့ ပင်လယ်ဘူးမြို့နယ်မှ မိဘတစ်ဦးက
ပြောဆိုသည်။
အဆိုပါ ဧရာဝတီမြစ်ဆုံ-တီယန်စွပ်ရွှေမှော်မှ
ရွှေကျင်လုပ်သားများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က
(၉-၃-၂၀၁၄)ရက်နေ့တွင် တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခြင်းကို
ပြုလုပ်ခဲ့ပြီး ဦးရေ(၇၀)ခန့် ပါသွားခဲ့ကြောင်းလည်း သိရှိသည်။
No comments:
Post a Comment