Tuesday, April 29, 2014

နောင်ယန်းလယ်ကွင်း၌ လုပ်ကိုင်စားသောက်ခြင်းမပြုရန် KIA တားမြစ်

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသ၊ နောင်ယန်းလယ်ကွင်းတွင် ယခုနှစ်၌ လာရောက်လုပ်ကိုင် စားသောက်ခြင်း မပြုရန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ခြိမ်းခြောက်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တာလောကြီးဒေသ၊ နောင်ယန်းလယ်ကွင်းတွင် စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာလုပ်ကိုင် စားသောက်ကြသည့် ဒေသခံတောင်သူများအား ယခုနှစ်တွင် လာရောက်လုပ်ကိုင်ခြင်း မပြုရန် (၇-၄-၂၀၁၄)ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်မှ (KIA) မှ ခြိမ်းခြောက်တားမြစ်ခဲ့ပြီး ၄င်းနောင်ယန်းလယ်ကွင်းတွင် ယခုနှစ်၌ လယ်ယာလုပ်ကိုင်ပါက ဖမ်းဆီးမည်ဖြစ်ကြောင်းနှင့် မိုင်းထောင်မည်ဖြစ်ကြောင်း (၁၁-၄-၂၀၁၄)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံခြိမ်းခြောက်တားမြစ်ခဲ့တယ်လို့ ဧရာဝတီမြစ်ဖျားသတင်းထောက် ကိုစိုင်းလေးက တာလောကြီးဒေသမှ သတင်းပေးပို့ထားပါသည်။

No comments:

Post a Comment