Tuesday, April 29, 2014

ဒေသခံရွာသား (၂၃)ဦးအား KIA မှ (၁၁)သိန်းကျော် ဆက်ကြေးကောက်ခံ

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမှ ဒေသခံရွာသား ၂၃ ဦးအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ဆက်ကြေးငွေ (၁၁)သိန်းကျော် ဆက်ကြေးကောက်ခံခဲ့တယ်လို့ သိရှိရသည်။

ကျွန်တော်တို့က စားဝတ်နေရေးနဲ့ အိမ်သုံးထင်များ ရှာဖွေခုတ်ယူဖို့ တောထဲသွားကြတာပါ၊ အဲဒီမှာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ KIA အဖွဲ့နဲ့ တွေ့ပါတယ်၊ သူ့တို့က ဖမ်းဆီးတဲ့ပုံစံမျိုးနဲ့ ခေါ်ဆောင်ပြီး ဆက်ကြေးတောင်းပါတယ်၊ ကျွန်တော်ကတော့ လေးသောင်း(၄၀၀၀၀) ပေးခဲ့ရတာပေါ့လို့ ဆက်ကြေးပေးဆောင်ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက ပြောဆိုပါသည်။

၎င်းရွှေညောင်ပင်ကျေးရွာက ဒေသခံရွာသားများသည် စားဝတ်နေရေးနဲ့ အိမ်သုံးရန်အတွက် ထင်းများခုတ်ယူရန် တောထဲသို့ သွားကြရာမှ KIA နှင့် တွေ့ဆုံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဆက်ကြေးများ ပေးဆောင်ခဲ့ကြရာ (၂၅-၃-၂၀၁၄)ရက်နေ့တွင် ဦးစိန်လင်း၊ ဦးမောင်စိုး၊ ဦးစီဆိုင်၊ ဦးမောင်ဦး၊ ဦးလှလောက်တို့ (၅)ဦးက (၃၅၀၀၀)ကျပ်စီ၊ ဦးတက်ထွန်း၊ ဦးရန်နောင်စိုး၊ ဦးဇင်မင်းစိုး၊ ဦးသန်းဌေးအောင်၊ ဦးအောင်ဇော်ဦးတို့ (၅)ဦးက (၄၀၀၀၀)ကျပ်စီနှင့် (၂၃-၄-၂၀၁၄)ရက်နေ့တွင် ဦးထွန်းဝင်း၊ မောင်အံ့ကျော်၊ မောင်လှိုင်မိုး၊ ဦးစံဝင်း၊ ဦးကတုံး၊ ဦးမြဦး၊ မောင်ဇော်မျိုး၊ ဦးခိုဖွ၊ ဦးကျော်မိုးအောင်၊ ဦးညိုအောင်၊ ဦးသာအောင်၊ ဦးလှသိန်း၊ ဦးဘငွေတို့ (၁၃)ဦးက (၆၀၀၀၀)ကျပ်စီ ပေးဆောင်ခဲ့ရတယ်လို့ သိရှိရသည်။

No comments:

Post a Comment