![]() |
အခင်းဖြစ် ခြံမြေနေရာ |
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ ကွင်း/အကွက်အမှတ်(၁၅/၁-၂) ၊ ဦးပိုင်အမှတ်(၁၂၀) ၊ အိမ်အမှတ်(၃၇၃)နှင့် ပက်သက်၍ ခြံမြေဂရန် အစစ်အတုပြဿနာအား အငြင်းပွားလျက်ရှိရာ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ငါးနှစ်ကျော်လာပြီဖြစ်သော ယနေ့အချိန်ထိ ၄င်းခြံမြေဂရန်အစစ်အတုပြဿနာအား ခွဲခြားဆုံးဖြတ်ပေးခြင်းမရှိသေးကြောင်း သိရပါသည်။
တပ်ကြပ်ကြီး
ရွှေလှထွန်း(၁၉၉၀-ခုနှစ်ခန့်) မှစ၍ ဖခင်ဖြစ်သူ ဦးတင်အောင်အထိ ခိုင်လုံသော စာချုပ်အဆင့်ဆင့်နှင့်
ခြံမြေဂရန်ပိုင်ဆိုင်ထားတဲ့ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဌေးဌေးစန်းက “အေးမြသာယာကွက်သစ်
ဖော်စဉ်တုန်းက ခြံမြေဂရန်ပိုင်ဆိုင်ခဲ့သူ တပ်ကြပ်ကြီး ရွှေလှထွန်းမှစ၍ အဆင့်ဆင့် လက်ဆင့်ကမ်း
ရောင်းချခဲ့သော စာချုပ်အဆင့်ဆင့်နှင့် မူရင်းဂရန်ကို ပိုင်ဆိုင်ထားခဲ့သူမှာ ကျွန်မ၏
ဖခင်သာဖြစ်ပါတယ်။ (၁၈.၂.၂၀၀၉)ရက်နေ့တွင် မိတ္တူကိုင် မိသားစုတစ်စု ၀င်ရောက်ကျူးကျော်နေထိုင်ရာမှ
မိတ္တူဂရန်တစ်ခု ရှိနေခဲ့မှန်း သိရပါတယ်ရှင်။ အဲဒီ မိတ္တူဂရန်ကိုလည်း ခရိုင်လူကြီးနှင့်
မြို့သစ်ကြီးရပ်ကွက် စာရေးမ ဒေါ်ဥမ္မာမြိုင်က (၇.၆.၉၇)ရက်နေ့တွင် စတင်ရောင်းချခဲ့တာလို့လည်း
သိရပါတယ်ရှင်။ အဲဒီဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ လူကြီးများကို တိုင်တန်းခဲ့သော်လည်း ပြဿနာ၏
အရင်းအမြစ်ကို မဖေါ်ထုတ်ပေးသည့်အပြင် ကျွန်မတို့မိသားစုအပေါ် အန္တရာယ်တွေသာ များလာခဲ့ရပါတယ်”
လို့ ပြောပြသည်။
ဒေါ်ဌေးဌေးစန်းက - ရပ်ကွက်စာရေး
ဒေါ်ဥမ္မာမြိုင်က “နင်တို့ မူရင်းဂရန်က ပယ်ဖျက်ပြီးသား၊ တရားမ၀င်တော့ဘူး၊ နင်တို့က သူတို့ကို
သွားမနှောက်ယှက်နဲ့၊ ငါကိုယ်တိုင် နေခိုင်းထားတာ”လို့ အိမ်ကို လာပြောပါတယ်။ နောက်ပြီး
မိတ္တူကိုင် မိသားစုသည် တပ်မတော်မှ အရာရှိအရာခံများကို အိမ်သို့ အကြိမ်ကြိမ် ခေါ်ဆောင်ပြီး ခြိမ်းခြောက်ပါတယ်။ မိတ္တူဝယ်ယူသူ ဦးမင်းမင်းဦး(ခ)မော်စီမှ
အရက်သေစာ သောက်စားပြီး ညအချိန် အိမ်သို့ လာရောက် နှောက်ယှက်ပါတယ်။ ဦးမင်းမင်းဦး၏
ညီကလည်း ကျွန်မတို့ ခြံအတွင်းသို့ ၀င်ရောက်၍ ကြိမ်းမောင်းပြောဆိုပါတယ်။ ပညာရေးတာဝန်ဖြင့်
သွားလာရတဲ့ ကျွန်မကိုလည်း မျက်နှာစိမ်းများ၏ လိုက်လံနှောက်ယှက်မှုကို အကြိမ်ကြိမ်ခံရပါတယ်။
လက်ရှိနေတဲ့ ကျွန်မတို့အိမ်ခြံရှေ့တွင်လည်း မျက်နှာစိမ်းများရဲ့ မသင်္ကာဖွယ်ရာ အပြုအမူများကို
မြင်တွေ့ရလို့ ပြည်နယ်ရဲတပ်ဖွဲ့ကို တိုင်တန်းခြင်းများ ပြုလုပ်ခဲ့ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး
ကော်လိပ်တော်အရာရှိ ဦးခင်မောင်ချိုက ပြည်နယ်ပညာရေးမှူးကို တိုင်သဖြင့် ပြည်နယ်ပညာရေးရုံးသို့
ခေါ်ယူကာ ဆူငေါက်ကြိမ်းမောင်းခြင်း ခံရ၍ ၀မ်းနည်းစွာ ငိုကြွေးခဲ့ရပါတယ်လို့ ဆက်လက်ပြောဆိုပါသည်။
၅နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော
အဆိုပါ ခြံမြေဂရန် အစစ်အတု အငြင်းပွားမှု ပြဿနာအား(၂၀၁၁)ခုနှစ်စ၍ နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ထွေအုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊တို့ကို
တိုင်တန်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြဿနာ၏ အရင်းအမြစ်ဖြစ်တဲ့ ခြံမြေဂရန်အစစ်အတု ပြဿနာကို
ခွဲခြားဆုံးဖြတ်ကာ အတုကို ပယ်ဖျက်ပေးခြင်း မရှိသည့်အပြင် ၄င်းခြံမြေဂရန် အစစ်အတုပြဿနာ၌
သက်ဆိုင်ရာဝန်းထမ်းတချို့ကိုယ်တိုင် ပါဝင်ပက်သက်မှုများ ရှိနေပြီး သက်ဆိုင်ရာ အရာရှိဝန်ထမ်းများကိုယ်တိုင်က
လာဘ်စားကာ ဘက်လိုက်ရပ်တည်မှုများ ရှိနေတယ်လို့ ခိုင်မာသော ရောင်းချမှုအဆင့်ဆင့်စာချုပ်များ
ကိုင်ဆောင်ထားသူ ဒေါ်ဌေးဌေးစန်းတို့ မိသားစုက ယုံကြည်နေကြတာလည်းဖြစ်ပါသည်။
No comments:
Post a Comment