ကျောင်းငွေ အလွဲသုံးစားပြုလုပ်ခြင်းနှင့်
ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး တာဝန်ယူစောင့်ရှောက်မှု
ပျက်ကွက်အားနည်းခြင်းတို့ကြောင့် မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊
ဖားကန့်မြို့နယ်၊ ဆိပ်မူ (အထက)ကျောင်းတော်ကြီး၏ ကျောင်းအုပ်ဆရာကြီး
ဦးခိုင်ဝေအား ထိရောက်စွာ အရေးယူပေးရန် အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ကို တိုင်ကြားထားတယ်လို့
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရှိရသည်။
၎င်းဆိပ်မူ(အထက)ကျောင်းအုပ်ဆရာကြီး ဦးခိုင်ဝေ အုပ်ချုပ်သည့် (၁၀)နှစ်တာ
ကာလအတွင်း ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများအား ညစ်ညမ်းစွာ ဆဲဆိုခြင်း၊
နှစ်စဉ်ငွေကြေးကိစ္စများ မရှင်းလင်းနိုင်ခြင်း၊ ကျောင်းမြေပျောက်ဆုံးကာ
ဆုတ်ယုတ်နစ်နာနေခြင်းတို့ကြောင့် ကျောင်းအုပ်ဆရာကြီးကို
အရေးယူပြောင်းရွှေ့စေလိုတာဖြစ်တယ်၊ ကျောင်းသားမိဘများမှာ
မိမိတို့ရင်သွေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးများအတွက်
ထိခိုက်ရင်လေးနေရပါတယ်။ ဈေးသည်များရဲ့ ပင်လယ်စာ၊ တရုတ်မုန့်၊ အသားတုများ၊
ဖျော်ရည်မျိုးစုံ ရောင်းချနေခြင်းကိုလည်း ကျောင်းအုပ်ကြီးက မစီစစ်ဘဲ
ရောင်းချခွင့် ပြုနေပါတယ်။ ကျောင်းဝင်းလုံခြုံမှုမရှိသည့်အတွက် အမှိုက်များ
လာရောက်စွန့်ပစ်ကြခြင်း၊ မူးယစ်ဆေး အရက်ဆိုင်များ၊ လ္ဘက်ရေဆိုင်၊
လောင်းကစားဒိုင်များ၊ ဆင်ဆာမဲ့ညစ်ညမ်းခွေဆိုင်များ၊ စကိတ်ကွင်းနှင့်
ဓါတ်ဆီဆိုင်များ ၀င်ရောက်ကျူးကျော်ခြင်းကိုလည်း ခံနေရပါတယ်လို့
ဆိပ်မူဒေသခံတစ်ဦးဖြစ်သူ ဦးလှမင်းက ပြောဆိုပါသည်။
ကျောင်းဝင်းမလုံခြုံမှုနှင့် အဆိုပါ ဘိန်းစားဖိုးသမားများကြောင့်
ကျောင်းသားများ အကြိမ်ပေါင်းများစွာ ဆိုင်ကယ်အတိုက်ခံရခြင်း၊
ကျောင်းအသုံးအဆောင်များ အခိုးခံရခြင်းသည် ခြောက်ကြိမ်ထက်မနည်း
ဖြစ်ပေါ်ခဲ့တယ်လို့ ဦးလှမင်းကပဲ ဆက်လက်ပြောဆိုပါသည်။
ကျောင်းသား/သူဦးရေ(၃၂၀၀)ရှိသော အဆိုပါ ဆိပ်မူ(အထက)ကျောင်းတော်ကြီးသည်
ဆိပ်မူ၊ မှော်ရှန်၊ ဖားပြင်စသည့် ဖားကန့်မြို့နယ် ကျေးရွာပေါင်း
(၂၂)ရွာအုပ်စုက အဓိကအားထားရာ ကျောင်းတော်ကြီးဖြစ်ပြီး
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံတော်သမ္မတအထိ တိုင်းကြားကာ
နှစ်ကြိမ်တိုင်တိုင် လာရောက်စစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာ
ဖြေရှင်းဆောင်ရွက်ပေးမှု မရှိသေးဘူးလို့လည်း သိရပါသည်။
No comments:
Post a Comment