(၃၅) ကြိမ်မြောက်
မြန်ပြည်မြောက်ပိုင်း-ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို
မိုးကောင်းမြို့မှာ နိုဝင်ဘာလ (၁၅)ရက်နေ့ကစ၍ ကျင်းပလျက်ရှိတယ်လို့
သိရှိရတယ်။
အဆိုပါ ကချင်ပြည်နယ်လုံးဆိုင်ရာ
ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းမြို့တွင်
အလှည့်ကျ ကျင်းပတာဖြစ်ပြီး မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟူ၍
လေးတန်းခွဲပြီး ကျင်းပတာ ဖြစ်တယ်လို့လည်း မိုးကောင်းမြို့နယ်
သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဦးသာသနက မိန့်ကြားပါတယ်။
ကချင်ပြည်နယ်မှာနေတဲ့ သံဃာတော်တွေ သာသနာ၏အသက်ဖြစ်တဲ့ ၀ိနည်းအရာမှာ
ကျွမ်းကျင်လိမ္မာစေဖို့ ရည်ရွယ်ပြီး ကချင်ပြည်နယ် အဓိပတိ သက်တော်ရှည်
ဝန်းသိုကျောင်းဆရာတော်ကြီးက ဦးဆောင်၍ စတင်ကျင်းပခဲ့တာဟာဖြင့် ဒီနှစ်တော့
(၃၅)ကြိမ်မြောက် ရှိသွားပါပြီ၊ လာမည့်(၁၈)ရက်နေ့မှာ စာအောင်သံဃာတော်တွေကို
ဆုချပြီး မြို့ပေါ်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားဖို့
ရှိပါတယ်လို့ ဆရာတော် ဦးသာသနကပဲ ဆက်လက်မိန့်ကြားသွားပါတယ်။
No comments:
Post a Comment