Tuesday, January 15, 2013

လီဆူးတိုင်းရင်းသားများအများစုပါဝင်သော တိုင်းရင်းသားများ ဗုဒ္ဓဘာသာအဖြစ်ခံယူ

လီဆူးတိုင်းရင်းသားများအား လက်ဆောင်ပေးသော ဘုရားများ
လီဆူးတိုင်းရင်းသားများ အများစုပါဝင်သော တိုင်းရင်းသားများ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲပုံ
 ၁၃၇၄-ခု၊ ပြာသိုလဆန်း(၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့၊
ပြည်တော်သာကျောင်းတိုက်တွင် မိုးကုတ်မြို့၊ ကျပ်ပြင်ရပ်၊ ဂေါဝါးအုပ်စုမှ (၄)နာရီခွဲလောက်
ခြေလျင်သွားရသော ဆူးပုတ်ပျက်ကျေးရွာပတ်ဝန်းကျင်မှ လီဆူးတိုင်းရင်းသားများ အများစု
ပါဝင်သော တိုင်းရင်းသား (၅၈၇)ဦး ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓအဆုံးအမခံယူပွဲနှင့် လီဆူးတိုင်းရင်း
သားလေးများအား ရှင်(၁၀၈)ပါး ရှင်ပြုပွဲ ကျင်းပခဲ့ပါသည်၊

စဥ့်ကိုင်မြို့၊ ပြည်တော်သာဆရာတော်နှင့် မိုးကုတ်မြို့၊ ညောင်သုံးပင်ကျောင်းတိုက်
ဆရာတော်တို့သည် ထိုဆူးပုတ်ပျက်ကျေးရွာသို့ ခက်ခက်ခဲခဲ သွားလာခဲ့ရပြီး ရပ်ရွာဖွံ့ဖြိုးရေး
လုပ်ငန်းများနှင့်အတူ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူရင်း အခုလို ဗုဒ္ဓဘာသာ
ခံယူပွဲလေး ကျင်းပဖြစ်ခဲ့တာလဲ ဖြစ်ပါသည်။

ဝေးလံခေါင်သီတဲ့ ရပ်ရွာများမှ လီဆူးတိုင်းရင်းသားများကို မြို့ပြလူနေမှုစနစ်ကို မြင်
တွေ့စေပြီး အလှူ.ဒါယကာ ဦးဝင်းဆွေဦး +အလှူ့ဒါယိကာမ ဒေါ်ခင်စန်းလွင်တို့၏ အကူအညီ လှူဒါန်းမှုဖြင့် အခုလို ဗုဒ္ဓဘာသာခံယူပွဲလေးကို သိုက်သိုက်မြိုက်မြိုက် စည်စည်ကားကား ကျင်းပ
ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 
(1-12-2013) စနေနေ့

1 comment:

  1. သာသနာတော်ကြီး ဆက်လက် တိုးတက် ပြန့်ပွားနိုင်ပါစေ

    ReplyDelete