Wednesday, August 21, 2013

(၅၂)နှစ်မြောက်၊ နိုင်ငံတော်ဗုဒ္ဓဘာသာနေ့ အထိမ်းအမှတ်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ၀ါခေါင်လပြည့်နေ့၌ ကျင်းပပြုလုပ်


(၅၂)နှစ်မြောက်၊ နိုင်ငံတော်ဗုဒ္ဓဘာသာနေ့ အထိမ်းအမှတ်ပွဲကို ယနေ့ ၁၃၇၅-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မေတ္တာအခါတော်နေ့နှင့် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ နေရာအနှံ့အပြားနှင့် မိုင်းနား၊ ခပ်ချို၊ ၀ိုင်းမော်၊ ပမ္မတီး၊ ရှမ်းရွာစတဲ့ နေရာဒေသတွေနဲ့ ဘုန်းကြီးကျောင်း အားလုံးနည်းပါးမှာ သာသနာ့အလံများစိုက်ထူကာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့၊ ဝေယံဘုံမြင့်ကျောင်းမှာ ကျင်းပတဲ့

နိုင်ငံတော်ဘာသာနေ့အခမ်းအနားမှာတော့ သံဃာတော်များနှင့် လူအင်အား တစ်ရာကျော် တက်ရောက် ကျင်းပခဲ့ကြပါတယ်။

နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို သြဂုတ်လ(၂၆) ရက်နေ့တွင် ကျင်းပရန် ရန်ကုန်ထေရ၀ါဒဓမ္မကွန်ယက်က တိုက်တွန်းထားသော်လည်း မြစ်ကြီးနားမြို့နှင့် အနီးတ၀ိုက်တွင်တော့ မြန်မာကောဇာသက္ကရာဇ်ကိုပဲ အတည်ပြုကာ ကျင်းပခဲ့ကြတာပါ။

အခုလို နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပက်သက်၍ မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ တကျောင်းဝင် တကျောင်းထွက် လိုက်လံတက်ရောက်ခဲ့သူလည်းဖြစ် နိုင်ငံတော် ဘာသာနေ့ဘာသာနေ့ အခမ်းအနားများ ကျင်းပနိုင်ရန် အားထုတ်နိုးဆော်ခဲ့သူလည်းဖြစ်သော ကိုချစ်ဖွယ်က-

အမျိုးစောင့်ဥပဒလိုကိစ္စမျိုးဘဲဖြစ်ဖြစ် အမျိုးဘာသာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးလို ကိစ္စမျိုးပဲဖြစ်ဖြစ် ဘာသာရေးနဲ့ပက်သက်တဲ့ ကိစ္စမျိုးတွေမှာ စည်လုံးညီညွှတ်မှုနှင့် ထောက်ခံစရာရှိရင်လည်း တညီတညွှတ်တည်း ကန့်ကွက်စရာရှိရင်လည်း တညီတညွှတ်တည်း လုပ်ဆောင်နိုင်ခဲ့ကြတယ်ဆိုတဲ့ သင်္ကေတကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

အခုလို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တဲ့အတွက် ၀မ်းလည်းဝမ်းသာတယ်၊ ကျေလည်းကျေနပ်တယ်၊ ပျော်လည်းပျော်ပါတယ်၊ နောင်နှစ် နောင်နှစ်တွေမှာလည်း နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို ကျင်းပကြဦးမယ်ဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ တညီတညွှတ်တည်း မြန်မာသက္ကရာဇ်ကိုပဲ အတည်ယူစေချင်ပါတယ်လို့ တိုက်တွန်းအကြံပြုလိုပါတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကျင်းပခဲ့ခြင်းနှင့် ပက်သက်လို့ သာသနာရေးဌာနမှ ဘာဖြစ်လို့လုပ်တာလဲ ဘယ်သူ့ခွင့်ပြုချက်နဲ့ လုပ်တာလဲ ဘာပွဲလုပ်တာလဲလို့ လာရောက်မေးမြန်းမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

ကြည့်ရတာ ဒီနေ့ဒီရက်တွေမှာ နိုင်ငံတော်ဘာသာနေ့အခမ်းအနားများ ကျင်းပရတယ်ဆိုတာ ကျင်းပတယ်ဆိုတာကို သာသနာရေးကတောင် သိပုံမရဘူးလို့ မြစ်ကြီးနား မြို့ခံတစ်ဦးမှ ပြောပြသွားခဲ့ပါတယ်။



မြစ်ကြီးနားမြို့၊ ဝေယံဘုံမြင့်ကျောင်း

No comments:

Post a Comment