၂၀၁၃-ခုနှစ်၊ သြဂုတ်လ (၂၄)ရက်
တပ်ရင်း(၁၈)မှ လက်နက်ကိုင်
အင်အား (၁၀)ယောက်ခန့်ရှိသော KIA အဖွဲ့သည် ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာ ရပ်ကွက်(၄)မှ အဖ ဦးဖိုးထော် အမိ
ဒေါ်ချစ်မြိုင်တို့၏ သား မောင်ညီထွေး အသက်(၁၈)နှစ်အား ၂၀၁၃ သြဂုတ်လ (၂၃)
ရက်နေ့ ညနေ(၆း၀၀)နာရီခန့်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့
သိရပါတယ်။
မောင်ညီထွေးသည် ရှမ်းလူမျိုးဖြစ်ပြီး ခရီးသွားဖေါ်ဖြစ်သော
ဦးမောင်အေး အသက်(၃၀)နှစ်၊ တာလောကြီး ရပ်ကွက် (၄)
ဒေါ်ဆောင်းဌေး အသက်(၄၃)နှစ်၊ တာလောကြီး ရပ်ကွက် (၄)
မောင်မာနော် အသက်(၂၀)နှစ်၊ ကချင်စုရပ်ကွက်၊ တာလောကြီး
ဦးခေါင်လွန်း အသက်(၃၀)နှစ်၊ ကချင်စုရပ်ကွက်၊ တာလောကြီး
ဒေါ်တင်ချုပ် အသက်(၄၀)နှစ်၊ တာလောကြီး ရပ်ကွက် (၄)တို့နှင့် အတူခရီးသွားခဲ့ကြတာပါ။
လူငယ်များဖြစ်သော မောင်ညီထွေး အသက်(၁၈)နှစ် ရှမ်းနှင့် မောင်မာနော် အသက်
(၂၀)နှစ် ကချင် နှစ်ဦးအနက်မှ ရှမ်းလူမျိုးဖြစ်သော မောင်ညီထွေးကိုသာ
ရွေးချယ်၍ အဓမ္မဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
KIA ဒုစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်းမော်က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသားများနှင့် ပက်သက်၍
အစီအစဉ်တွေ ရှိပါတယ်လို့ ပြောထားမှုများ ရှိသလို ပြီးခဲ့တဲ့ သြဂုတ်လ (၁၄)
၇က်နေ့က KIA တပ်ရင်း (၆)မှ ဖားကန့်၊ ဆိပ်မူ၊ လုံးခင်းမှ (တိုင်းလိုင်၊
ရှမ်းနီ) လူမျိုးများ အနေဖြင့် အတိတ်က ဖြစ်ပျက် ခဲ့သမျှ ခွင့်လွှတ်
နားလည်ပေး ရန်၊ တာလောကြီးမှာ ဖြစ်ပျက် ခဲ့သည့် ကိစ္စ များသည်လည်း မိမိတို့
ဘက်က အမှားဖြစ်သည့် အပြင် အဲဒီမှာ ရှိသည့် KIA တပ်ရင်း မှူးကိုလည်း စစ်ဆေး
အရေး ယူပြီး ဖြစ်သည်ဟု ပြောကြားခဲ့ပါသေးတယ်။
အခုလို
ရှမ်းလူငယ်တစ်ဦးထဲကိုသာ ရွေးချယ်၍ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းနှင့်
ပက်သက်၍ ဖြေရှင်းဆောင်ရွက်ပေးရန် KIO Technical Advisory Team သို့
ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ အသိပေး အကြောင်းကြားစာ
တစ်ဆောင်ပေးပို့ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment