ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကောင်လွင်ရွာမှ ရှမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သော အေအေ(ခ)မချောစု အသက်(၁၅)နှစ်၊
ဦးမောင်သိန်း+ဒေါ်အေးကြည်တို့၏ သမီးအငယ်ဖြစ်သူသည် (၁၈.၈.၂၀၁၃) တနင်္ဂနွေနေ့
ည(၈)နာရီအချိန် သူမတို့၏ မိသားစုပိုင် စားသောက်ဆိုင်မှာ နမ့်ဟန်မှလာသာ KIA
စစ်သား (၃)ယောက်၏ အဓမ္မ ရိုက်နှက် အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါတယ်။
နမ့်ဟန်မှ လာသော ၄င်း KIA စစ်သား(၃)ယောက်သည်
“ဆိုင်ကယ်ထားချင်တယ်
ဆိုသောကြောင့် မချောစုမှ သူစိမ်းဖြစ်သော သူများ၏ ဆိုင်ကယ်ထားခြင်းကို
လက်မခံနိုင်ပါဘူးလို့ ပြောခဲ့ရာမှ KIA စစ်သား (၃) ဦးအနက်မှ တစ်ဦးသည် အဓမ္မ
ရိုက်နှက် အနိုင်ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ မချောစုအား KIA စစ်သား
တစ်ယောက်မှ ရိုက်နှက်နေစဉ် ကျန်တဲ့ နှစ်ယောက်က လက်ပိုက်
ရပ်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
မချောအိသည် (၁၉.၈.၂၀၁၃)ရက်နေ့က
ဗန်မော်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရပြီး ယခုအချိန်မှာ သက်သာမှု
ရရှိနေပြီဖြစ်ပါသည်။ အခုလို မချောစုအား ရိုက်နှက် အနိုင်ကျင့်ခဲ့သော အမှုကို
KIA အထက်လူကြီးများကို မတိုင်ကြားရန်နှင့် မူးယစ်ရမ်းကားသူများမှ
ရိုက်နှက် အနိုင်ကျင့်ခဲ့တယ်လို့ သတင်းလွှင့်ထားပါတယ်။
ရှမ်းအမျိုးသမီးငယ် မချောစုအား ရိုက်နှက် အနိုင်ကျင့်ခဲ့ခြင်းနှင့် ပက်သက်၍
၎င်း၏ မိသားစု၊ ဆွေးမျိုးသားချင်းများမှ မကျေနပ်သော်လည်း ကြောက်နေရတယ်
ဘာမှ မလုပ်ရဲကြဘူးလို့လည်း ဆိုပါတယ်။ အခုလို အနိုင်ကျင့် ခံရတာကို
ကောင်လွင် KIA စစ်သားများမှလည်း ဘာမှ မလုပ်ကြဘူး၊ နောက်ပြီး နမ့်ဟန်မှ KIA
စစ်သားများသည် ကောင်လွင် KIA တပ်စခန်းသို့ အ၀င်အထွက်ရှိတာကြောင့်
ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ အချင်းချင်းဖြစ်သော ကောင်လွင် KIA စစ်သားများမှ
ကောင်းကောင်းသိနိုင်ပါတယ်လို့လည်း ပြောပြပါတယ်။
နမ့်ဟန်မှ
(၅)မိုင်ခန့်ဝေးသော ကောင်လွင်ရွာတွင် အိမ်ခြေ(၅၀၀)ခန့် ရှိပြီး ရှမ်း၊ ဗမာ
မျိုးနွယ်စုများ အများစု နေထိုင်သော ရွာဖြစ်ပြီး KIA တပ်သား (၂၀) လောက်
တပ်စွဲထားတယ်လို့ သိရပါတယ်။ KIA စစ်ကြောင်းဝင်လာရင်တော့ အင်အား (၂၀၀)လောက်
ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ နမ့်ဟန်နှင့် ကောင်လွင်ရွာဒေသတွေမှာ အရင်က
တပ်မတော် စစ်သားတွေ ရှိပေမဲ့ KIA,KIO နှင့် တိုက်ပွဲတွေ
စတင်ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်မှ ဆုပ်ခွာသွားတာကြောင့် KIA
တပ်စခန်းတွေ ၀င်ရောက်လာတာလည်း ဖြစ်ပါတယ်။
၎င်း နမ့်ဟန်နှင့်
ကောင်လွင်ရွာမှာ ထုံးစံအတိုင်း အဓမ္မ စစ်သား ဖမ်းဆီးခေါ်ဆောင်တာနှင့်
စက်ကြေးတောင်းတာတွေကို ခံနေကြရပေမဲ့ ဘယ်သူမှ ထုတ်ဖေါ်မပြောရဲကြဘူးလို့
သိရပါတယ်။
No comments:
Post a Comment