ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသ၊ ခေါင်ဖူးကျေးရွာ
ခေါင်ဖူးလောကမာရဇိန်မဟာစေတီတော်
(သီရိဓမ္မာသောက မင်းကြီးလက်ထက် တည်ထားတော်မူခဲ့သော သမိုင်းဝင် စေတီ)
အံ့ဖွယ်ရှစ်ပါးထူးခြားစေတီ
၁။ ရောင်ခြည်တော်ကွန့်မြူးခြင်း၊
၂။ သမ္မာဒေ၀နတ်များ ရွှေချခြင်း၊
၃။ငလျင်ဒဏ်ကြောင့် စေတီတော်ထီးတော် မြစ်ကမ်းပါးအောက်ခြေသို့
ထီးတော်မြေခစဉ် ပိန္နဲတိုင် မြစ်ရေ မနစ်မြုပ်ခြင်း၊(နှစ်စဉ်
ဧရာဝတီမြစ်ရေကြီးသော်လည်း ထိုနှစ်က ဧရာဝတီမြစ်ရေသည် လုံးဝ မကြီးခဲ့ပါ)
၎။ စေတီတော်ရှိ ငွေတိုက်စေတီအား မြစ်ရေခ၍ ထိခိုက်မှုရှိက အန္တရာယ်တစ်ခုခု ကြုံရခြင်း၊
၅။ စေတီတော်ကြီး၏ အရှေ့ဖက် သဲသောင်ပေါ်ထွန်းတိုင်း တိုင်းပြည်အေးချမ်းမှုရှိခြင်း၊
၆။ စေတီတော်ကြီး၏ အရှေ့ဖက် ဧရာဝတီမြစ်ပြင်တွင် ငွေပြာသာဒ် ပေါ်ထွန်းလာသည်ကို ဖူးတွေ့ရခြင်း၊
၇။ စေတီတော်ကြီး ထီတော်တင်လှူတိုင်း လေကြီးမိုးကြီး
သည်းထန်စွာရွာသွန်းခြင်း၊ (ထီတော်တင်လှူခိုက်တွင်သာ မိုးလေ
ရပ်စွဲသွားလေ့ရှိခြင်း)
၈။ စေတီတော်ကြီး၏ ထီးတော်မဏ္ဍိုင်ကို နတ်ဒေ၀ါများ တစ်ဖန်ရွှေချသည်ဟု ကျော်ဇောသတင်း ပျံနှံ့ခြင်း။
No comments:
Post a Comment