Sunday, September 8, 2013

မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက်၌ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အခမ်းအနားကျင်းပ

မြစ်ကြီးနား၊ စက်တင်ဘာ ၈ ရက်

ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု မိတ်ဆုံစားပွဲ အခန်းအနားတစ်ရပ်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်၌ ယနေ့ (၈-၉-၂၀၁၃)ရက် တနင်္ဂနွေနေ့တွင် ဘာသာကြီးလေးခုမှ ဘာသာရေးခေါင်းဆောင်များနှင့်အတူ ပရိသတ် (၁၀၀)ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းမိတ်ဆုံစားပွဲတွင် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်၌ သီတင်းသုံးတော်မူကြသော စာချ စာသင်သံဃာတော် အပါး(၇၀)ကျော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး

ဝန်းသိုကျောင်းဆရာတော်ကြီးမှ သြ၀ါဒစကား မိန့်ကြားတော်မူရာတွင် -



အားလုံး ညီညီညွှတ်ညွှတ်နဲ့ အေးအေးချမ်းချမ်း နေထိုင်ကြဖို့၊ ''မွတ်ဆလင်တွေကော ရန်ဖြစ်ချင်ကြသလား၊ မဖြစ်ချင်ကြပါ၊ ရန်မဖြစ်ချင်ကြရင် ရန်မဖြစ်ကြဖို့နဲ့ ရန်မဖြစ်ဘဲ ညီညွှတ်ကြမှ အားလုံး တည်ငြိမ်အေးချမ်းမယ်၊ ပြည်နယ်တည်ငြိမ်အးချမ်းမယ် စသည်ဖြင့် သြ၀ါဒစကား မိန့်ကြားတော်မူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားသို့ -

။ အစ္စလာမ်ပညာရေးရာကောင်စီ ဟာဂျီမ ဒေါ်လှမေ
၂။ အိုလမ္မာပညာရေးရာကောင်စီ ဦးမင်းအောင်
၃။ ဗဟိုဗလီကြီး ဟာဂျီဦးမင်းလွင်
၎။ မြို့သစ်ကြီးဗလီ ဦးအောင်မင်း
၅။ ကျွန်းပင်သာဗလီ ဦးချိုတူး
၆။ ရှမ်းစုဗလီ ဦးမင်းအောင်
၇။ မြို့မကာကာဗလီ ဦးမင်းသိန်း
၈။ ချင်းကြိမ်ဗလီ ဦးသန်းလှိုင်
၉။ အောင်နန်းဗလီ ဟာဂျီဦးသိန်းဝင်း
၁၀။ အစၥလာမ္ဘာသာ၀င္မ်ား
၁၁။ ကွမ်းတုံဘုံကျောင်း ဦးတာဟုန်
၁၂။ ဆစ်ဘုရားကျောင်း ဦးမုန်မွန်စင်
၁၃။ ဆစ်ဘုရားကျောင်း ဦးဟာသမ်ဆင်
၁၄။ မြို့မိ မြို့ဖ ဦးပေါ်ဦး
၁၅။ ပြည်နယ်/ခရိုင်/မြို့နယ် သာသနာ့နုဂ္ဂဟများ
၁၆။ ပြည်နယ်/ခရိုင်/မြို့နယ် သာမှူးများ
၁၇။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး/မြို့နယ်ပြည်သူ့ရဲ
၁၈။ ဗုဒ္ဓဘာသာဝင်များ
၁၉။ ဟိန္ဒူ ဦးခင်မောင်ဝင်း နှင့်အဖွဲ့
၂၀။ မင်းရပ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
၂၁။ ရှမ်းစုမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
၂၂။ ကချင်ပြည်နယ်၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ဦးစိုင်းယီကျန် စသည့် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment