Saturday, February 8, 2014

အင်းတော်ကြီးဒေသအတွင်းက ရှမ်းရွာများတွင် KIA မှ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ပြုလုပ်နေ


မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ ပန်လားအုပ်စု၊ မံကင်းတစ်ဝိုက်က ရှမ်းရွာများတွင် KIAတပ်ရင်း (၂၅) မှ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

နန့်ပတဲ ရွှေမော်တွင် KIA တပ်ရင်း (၂၅)မှ အိမ်လုံးရေ (၄၀)ခန့်ရှိသော KIA တပ်စခန်းတစ်ခု တည်ဆောက်နေကြောင်း၊ ထိုသို့ တည်ဆောက်ရာ၌ အသုံးပြုသည့် သစ်ဝါးစသည်များကို သယ်ဆောင်ရာတွင် အနီးအနားရှိ ရှမ်းရွာများမှ

ဆင်များနှင့် လူများကို အဓမ္မပေါ်တာဆွဲ ဆင့်ခေါ်၍ လုပ်အားပေး ခိုင်းစေနေကြောင်း၊ KIA မှ ထိုသို့ အဓမ္မပေါ်တာဆွဲ ဆင့်ခေါ်၍ လုပ်အားပေး ခိုင်းစေနေသည်မှာ နှစ်လကျော် သုံးလနီးပါး ရှိနေပြီဖြစ်ကြောင်း၊ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဒေသခံပြည်သူများမှာ စီးပွားရေး မလုပ်ကိုင်နိုင်သည့်အတွက် စားဝတ်နေရေး ခက်ခဲလာကြောင်း မံကင်းဒေသခံတစ်ဦးမှ ပြောကြားသည်။

ပေါ်တာဆွဲ လုပ်အားပေး ခိုင်းစေခြင်းခံရသော ဆင်ပိုင်ရှင်များကတော့ -
၁- ဦးစိုးအောင်၊ ၂- ဦးအောင်ဒင်၊ ၃- ဦးမောင်သောင်း၊ ၄- ဒေါ်သန်းရင်၊
၅- ဦးကျော်ဝင်း၊ ၆- ဦးကျော်ဆွေ ၇- ဦးမောင်ဆိုင်၊ ၈- ဦးအောင်သန်း၊
၉- ဦးအောင်လှိုင်၊ ၁၀- ဦးဖိုးသီ ၁၁- ဦးစောမောင်၊ ၁၂- ဦးခင်အောင်၊
၁၃- ဦးသိန်းဆွေ-တို့ဖြစ်တယ်လို့ သိရှိရပြီး ဆင်ချောပေါ်တာ မလိုက်လိုလျှင် ဆင်တစ်ကောင်ကို ငွေကျပ် ၅၀၀၀၀ိ ပေးဆောင်ရတယ်လို့လည်း သိရှိရပါသည်။

ထို့ပြင် အင်းတော်ကြီးဒေသ မပျဉ်ကျေးရွာနေ မရှေဆိုသည့် အမျိုးသမီးမှာ KIA ဗိုလ်မှူးမဂျီဆိုင်းနှင့် အိမ်ထောင်ပြု၍ KIA ဗိုလ်မှူးမဂျီဆိုင်း၏ အကူအညီအထောက်အပံ့ဖြင့် မပျဉ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ဖြန့်ဖြူးရောင်းချနေကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ ထပ်မံသိရှိရပါသည်။

No comments:

Post a Comment