Thursday, February 6, 2014

KIA ဖမ်းဆီးခံရသူ မောင်စိုင်းအောင်သူထွေး၏မိခင်အား သူတို့ပျော်နေပြီ ခေါ်စရာမလိုဘူးလို့ ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ ပြော




ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန်းခွင်ကျေးရွာ၊ ရပ်ကွက်(၃)မှ KIA ဖမ်းဆီးခံရသူ မောင်စိုင်းအောင်သူထွေးနှင့် ပက်သက်၍ “သူတို့ကတော့ ပျော်နေပြီ၊  ခေါ်စရာမလိုတော့ဘူး၊ အေးအေးဆေးဆေးသာ ပြန်ကြွပါတော့’’လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာကို သွားရောက်အကူအညီတောင်းရာမှ ဒေါ်ဘောက်ဂျာက မောင်စိုင်းအောင်သူထွေး၏ မိခင်ဖြစ်သူ ဒေါ်ဝင်းမေအား
ပြောဆိုလိုက်တာပါ။

မောင်စိုင်းအောင်သူထွေး အသက်(၂၈)နှစ်၊ ၁/မကတ(နိုင်)၀၂၀၀၁၆ အဖ-(ဦးစံထွေး)+အမိ-ဒေါ်ဝင်းမေကို (၂၇.၁၁.၂၀၁၂)ခုနှစ်က ကျန်းမာရေးမကောင်းသော မိခင်ကြီး၏ ဆေးဖိုးဝါးခအတွက် မလိဆွပ်ယန်မှာ စပါးရိပ်သိမ်းနေစဉ် KIA ရင်း(၁၁)မှ ကုလား ဦးဘရန်ချောင်နှင့်အဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။

သားဖြစ်သူ မောင်စိုင်းအောင်သူထွေးကို မှီခိုအားထားနေရ၍ ကျန်းမာရေးမကောင်းသော မိခင်ကြီးဒေါ်ဝင်းမေအား သူစိမ်းရပ်ဆွေရပ်မျိုးများမှ စောင့်ရှောက်ထားရပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ကချင်ပြည်နယ်တွင်း KIA ဖမ်းဆီးခံရသူ ဒေသခံရှမ်းမျိုးနွယ်စုလူငယ်များစာရင်းကို လိုက်လံကောက်ခံနေရာမှ အခုလို သိရှိခဲ့ရတာပါ၊ ရုပ်သံမေးမြန်းချက် အပြည့်အစုံကို ရေးရာအဖွဲ့နှင့်အတူ လိုက်ပါသတင်းယူခဲ့တဲ့ ဧရာဝတီမြစ်ဖျားသတင်းထောက် ကိုစိုင်းဇော်ဦးက ရိုက်ကူးတင်ပြထားပါတယ်။

No comments:

Post a Comment