Sunday, March 16, 2014

သမ္မတနှင့် ကာချုပ် ၀န်းသိုကျောင်းတိုက်ဆရာတော်ကြီးအား ဖူးမျှော်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ လိုက်ပါလျက် ၄င်း၏ သမ္မတသက်တမ်းကာလတွင် ပထမဦးဆုံအနေနဲ့ မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) မြစ်ကြီးနားမြို့သို့ ယနေ့နံနက် ၉ နာရီခန့်တွင် ရောက်ရှိခဲ့ပါတယ်။


မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒေသခံလူထုနဲ့ တွေ့ဆုံကာ မိန့်ခွန်းပြောကြားပြီးနောက် ညနေပိုင်း ၃း၂၀ မိနစ်အချိန်တွင်တော့ သမ္မတ၊ ကာချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများသည် မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)က သက်တော်ရှည် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက် ဆရာတော်ကြီးထံသို့ သွားရောက် ဖူးမျှော်ခဲ့တယ်လို့ သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် ဆရာတော်ကြီးအား ကျန်းမာရေးနှင့် သက်ဆိုင်သော စကားများ မေးမြန်းလျှောက်ထားခဲ့ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် တခဏမျှ စကားစမြည် ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ သတင်းရရှိသည်။

No comments:

Post a Comment