မြစ်ကြီးနားမြို့၊
ကျွန်းပင်သာရပ်ကွက် ဇော်ဂျွန်းလမ်း
မူကြိုကျောင်းရှေ့၊ မီးကင်းတခုအတွင်းနေထိုင်သော
အသက် (၃၅)နှစ်ရွယ်၊
စိတ်မနံ့သူတဦးသည် ကျွန်းပင်သာရပ်ကွက်
ပရဟိတကျောင်းတွင် သီတင်းသုံးသော ပုသိမ်ခရိုင်၊
ငပုတောမြို့နယ်၊ အလယ်သောင်ကျေးရွာမှ အသက်(၆၇)နှစ်၊ သိက္ခာတော် (၁၇)၀ါရ ဦးတေဇောဘာသသည် ဆွမ်ခံကြွစဉ် ၄င်းစိတ်မနံ့သူ၏ ကင်းတဲနားအရောက် ရုတ်တရက်
သံတူရွင်းဖြင့် ဦးခေါင်အား အချက်ပေါင်းများစွာ ရိုက်သသဖြင် 10-10-2014 နံနက် (၁၁)နာရီခန့်တွင် မြစ်ကြီးနားဆေးရုံ၌ ပြန်လွန်တော်မူခဲ့ကြောင်း
သိရှိရသည်။
၎င်းစိတ်မနံ့သူအား
သုံးဘီးသမားများ၊ ဆိုက်ကားသမားများနှင့် ရပ်ကွက်ထဲနေ လူများဝိုင်းပြီး ကြိုးဖြင့်တုတ်နှောင်ဖမ်းဆီးကာ
ဆေးရုံအချုပ်သို့ ပို့ဆောင်၍ တကယ်စိတ်မနံ့သူ
ဟုတ်မဟုတ် စစ်ဆေးကာ ၄င်းစိတ်မနံ့သူမှ သူနေထိုင်ရာ ကင်တဲအနီး နှစ်ပေခန့်ကျယ်၍ လူတရပ်ခန့်
နက်သောကျင်းများတူးနေတတ်ပြီး ကျင်းတူးနေစဉ်
လာရောက်ကြည့်သူများအား ရန်မူတတ်သည်ဟု
အနီးပတ်ဝန်ကျင်းနေသူများ၏ ပြောကြားချက်အရ သိရှိရပြီး သုံးကျင်းမြောက်တူးနေစဉ် ၄င်းအမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါသည်။
၎င်းစိတ်မနံ့သူ
နေထိုင်ရာကင်းတဲအား ရပ်ကွက်တာဝန်ရှိသူများက
ဖျက်ဆီးစဉ် အလုံပိတ်ကင်းတဲအတွင်း
ဘုရားဆင်းတုတော်ပေါင်း နှစ်ဆယ်ကျော်နှင့်
ဘုရားပုံတော်များ၊ သံတူရွင်း၊
သံနုတ်၊ တူ၊ လွှ၊ ဓား စတီးထမင်းချိုင့်နှင့် ခြေလက်အင်္ဂါမစုံသော ကျောက်ဆင်းတုကိုယ်တော်များ
တွေ့ရှိခဲ့ရတယ်လို့လည်း သိရှိရပါသည်။
ဖမ်းနေသေးတယ်ရိုက်သတ်လိုက်ပြီးရော။
ReplyDelete