12.8.2015
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ပူတာအိုခမ်းတီးလုန်ဒေသ
ပူတာအိုခရိုင်အတွင်း တိုင်းခမ်းတီးစော်ဘွားများ တည်ထားကိုးကွယ်ခဲ့ကြသည့်
ရှေးဟောင်းစေတီပုထိုး ၁၀၀ ကျော်အား တိုင်းခမ်းတီး သာသနာ့နုဂ္ဂဟအသင်းမှ
ရှာဖွေ ဖေါ်ထုတ်သွားမည်ဟု ပူတာအို-ဇေယျသိဒ္ဓိကျောင်း၌ (25.7.2015)နေ့တွင်
တိုင်းခမ်းတီးသာသနာ့နုဂ္ဂဟအသင်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သော
အစည်းအဝေးအရ သိရှိရသည်။
ပူတာအိုခရိုင်အတွင်း ရှေးဟောင်းစေတီပုထိုးပေါင်း (၁၀၀)ကျော် ရှိသည့်အနက်
၇၀ ကျော်ကိုတော့ ရှာဖွေတွေ့ရှိထားပြီးပါပြီ၊ အခြားဘာသာ
သက်ဝင်ယုံကြည်ကိုးကွယ်သူများ၏ နေအိမ်, ခြံဝင်း, လယ်ယာပိုင်နက်များအတွင်း
ရောက်ရှိသွားတဲ့ စေတီပုထိုးတွေက ပိုများတယ်၊ ရှေးဟောင်းစေတီပုထိုးတွေရဲ့
တစ်ဝက်လောက်က ဌာပနာဖောက်ခံထားရတယ်၊ အခြားသက်ဝင်ယုံကြည်ကိုးကွယ်သူများ၏
ပိုင်နက်အတွင်း ရောက်ရှိသွားသော စေတီပုထိုးများနှင့် မသမာသူများ၏
ဖောက်ထွင်းဖျက်ဆီးမှုကြောင့် ပျောက်ပျက်နေသော စေတီပုထိုးများကို
ပြုပြင်မွမ်းမံဖို့တော့ အရမ်းခက်ခဲပါတယ်လို့ ဆရာတော် ဦးက၀ိနန္ဒက
မိန့်ကြားပါသည်။
ပူတာအိုခရိုင်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးများကို သမိုင်းဆရာ
ဦးစိုင်းအောင်ထွန်းက နှစ်ပေါင်း (၇၀၀)ကျော်ခန့်က
စေတီပုထိုးများဖြစ်တယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်နယ် အဓိပတိ
မဟာနာယက၊ သက်တော်(၉၀)ရှည် ၀န်းသိုကျောင်းဆရာတော်ဘုရားကြီးကတော့
နှစ်ပေါင်း (၁၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း၊ နှစ်မြွေဖြူရှင်မ
စောင့်ကျက်ကြောင်း ခန့်မှန်းအတည်ပြု မိန့်ကြားပါသည်။
၎င်းပူတာအို-ဇေယျသိဒ္ဓိကျောင်း၌ ကျင်းပပြုလုပ်သော အစည်းအဝေး၌
ရှေးဟောင်းစေတီပုထိုးများကို ရှာဖွေဖေါ်ထုတ် ထိန်းသိမ်းရာတွင်
အခြားသက်ဝင်ယုံကြည်ကိုးကွယ်သူများ၏ ပိုင်နက်အတွင်းရှိ စေတီပုထိုးများကို
ဦးစားပေးဆောင်ရွက်ရန်အချက်အပါဝင် အချက်(၄)ချက်ကို
အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရှိရသည်။
တိုင်းခမ်းတီး သျှမ်းလူမျိုးများ အများစုနေထိုင်ခဲ့ဖူးသော
မြန်ပြည်မြောက်ပိုင်း ပူတာအိုခရိုင် ခမ်းတီးလုန်ဒေသသည် သာသနာသက္ကရာဇ် -၂၄၄
၊ BC - ၃၀၄ ၊ လွန်ခဲ့သည့်နှစ်ပေါင်း (၂၃၁၉)၀န်းကျင်တစ်ဝိုက် စော်ဘွားကြီး
စ၀်လွမ်းလုန်လက်တွင် ဗုဒ္ဓသာသနာတော် စည်ပင်ထွန်းကားခဲ့ဖူးပြီး
လက်ရှိအချိန်မှာတော့ ပူတာအိုခရိုင်အတွင်း တိုင်းခမ်းတီး သျှမ်းရွာပေါင်း
(၁၈)ရွာခန့်လောက်သာ ကျန်ရှိတော့တာ ဖြစ်ပါသည်။
ဧရာဝတီမြစ်ဖျားဆီက
Myitphyarayar News
Thursday, August 13, 2015
ရေဘေးသင့်ဒေသ လေးခုကို မြစ်ကြီးနား-မဘသ ကျပ်သိန်း(၁၈၀)လှူဒါန်း ကနီ-မယ်ဒယ်အုပ်စု ရေဘေးသင့်ထောက်ပံ့ရေး လုံလောက်မှုရှိ
![]() |
မယ်ဒယ်အုပ်စုဆရာတော်နှင့် မြစ်ကြီးနား မဘသ ( ၀ဲ ၃ ၊ ယာ ၂) |
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)
မြစ်ကြီးနားမြို့နယ် - (မ.ဘ.သ)အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သော
အများပြည်သူများ၏ စေတနာဖြင့် ရေဘေးသင့်ဒေသများဖြစ်တဲ့ စေတုတ္တရာ၊ ပွင့်ဖြူ၊ ယင်းမာပင်၊
ကနီဒေသရှိ ရေဘေးသင့်ပြည်သူများကို တစ်ဌာနလျှင် ငွေကျပ်(၄၅)သိန်းနှုန်းနှင့် (၈)ဦးစာ
အသုံးအဆောင်၊ အစားအသောက် အထုပ်ပေါင်း (၆၀၀)ကျော် လှူဒါန်းခဲ့တယ်လို့ သိရှိရသည်။
ကနီဒေသ-မယ်ဒယ်အုပ်စုအတွက်
လှူဒါန်းမှုကိုတော့ ယနေ့(13.8.2015)ရက်နေ့ နေ့လည်ပိုင်း(၃)နာရီအချိန်တွင် မန္တလေးမြို့၊
တောင်သမန်ကျောင်းတိုက်၌ ကျင်းပခဲ့ရာ ကနီဒေသ-မယ်ဒယ်အုပ်စုမှ ဆရာတော် ဦးညာဏောဘာသက လက်ခံရယူခဲ့ပြီး
မြစ်ကြီးနားမဘသအဖွဲ့က ရေစက်ချလွှဲပြောင်း လှူဒါန်းခဲ့တယ်လို့လည်း သိရှိရသည်။
ကနီဒေသ-မယ်ဒယ်အုပ်စုမှ
ဆရာတော် ဦးညာဏောဘာသက - မယ်ဒယ်အုပ်စုတွင် အိမ်ခြေ(၆၀၀)ကျော်ရှိကြောင်း၊ အိမ်ခေါင်များအထိ
ရေကြီးခဲ့ကြောင်း၊ ရေကျသွားသော်လည်း နှုန်းများ (၃)ပေလောက်အထိ ကျန်ရစ်နေကြောင်း၊ မယ်ဒယ်အုပ်စုမှ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ နိုင်ငံခြားရောက် မယ်ဒယ်ရွာသား၊ ရန်ကုန်နေ မယ်ဒယ်ရွာသားနှင့်
မြစ်ကြီးနား-မဘသအဖွဲ့တို့၏ ကူညီလှူဒါန်းမှုများ လက်ခံရရှိခဲ့ကြောင်း၊ ငွေသားနည်းပြီး
အစားအသောက်၊ အ၀တ်အစား၊ အသုံးအဆောင်နှင့် ရေသန့်ဗူးများ လက်ခံရရှိပြီး ခြင်ထောင်နှင့်
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ အဓိကလိုအပ်နေသေးကြောင်း၊ အသင်းအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေတဲ့အပိုင်းမှာတော့
လုံလောက်မှုများရှိကြောင်း မိန့်ကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးအပိုင်းမှာတော့ မိုးသီးနှံတွေ
ဆုံးရှုံးသွားခဲ့တဲ့အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပုံမှန်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးဖို့
အဓိကလိုအပ်ကြောင်း မိန့်ကြားသွားခဲ့ပါသည်။
ရေဘေးသင့်ဒေသတွေက
ရေဘေးသင့်ပြည်သူများကို မြန်မာနိုင်ငံတ၀ှမ်း ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက အလှူငွေများ
ကောက်ခံကာ အဓိကကူညီ ထောက်ပံ့ပေးပို့မှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံသားများသည် ကမ္ဘာတွင်
သဒ္ဓါတရား အရက်ရောဆုံးအဖြစ် စံချိန်တင်ခံထားရသူများလည်း ဖြစ်ပါသည်။
Wednesday, August 12, 2015
Monday, August 10, 2015
သီပေါမြို့နယ် သျှမ်းစာအခြေခံနှင့် အင်္ဂလိပ်စကားပြောသင်တန်းသို့ ပူတာအို တိုင်းခန္တီလူငယ် ၅ ဦးတက်ရောက်
10.8.2015
သီပေါမြို့နယ် နမ့်ဟူးနွဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်
ကျင်းပပြုလုပ်သည့် သျှမ်းစာအခြေခံနှင့် အင်္ဂလိပ်စကားပြောသင်တန်းသို့
ရှမ်းတောင်/မြောက်နှင့် ဒေသအသီးသီးမှ လူငယ်များ (၃၀၀)ခန့်
တက်ရောက်ခဲ့ကြရာ မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ပူတာအို
ခန္တီးလုံဒေသမှ တိုင်းခန္တီလူငယ် (၅)ဦး တက်ရောက်ခဲ့ကြပါတယ်လို့ သိရှိရသည်။
အဆိုပါသင်တန်းကို (၄၅)ရက် သင်တန်းအဖြစ် ဆရာတော် သံဃာတော်များက
ဦးဆောင်လျက် (၃)ကြိမ်မြောက် ကျင်းပခဲ့ရာ 10.8.2015 ယနေ့တွင်
သင်တန်းပြီးပွဲ အခမ်းတနားတရပ် ကျင်းပခဲ့တယ်လို့လည်း သိရှိရပါသည်။

Tuesday, August 4, 2015
ဒေသခံ ပြည်သူများ၏ ပေါက်ကွဲသံ
၂-၈-၂၀၁၅
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ၊
မာန်အောင်ကျောင်းတိုက်ဝင်းအတွင်း ယနေ့ ကျင်းပပြုလုပ်သည့်
လူထုအစည်းအဝေးပွဲ
ဖြစ်စဉ်မှာ- ၂၇-၇-၂၀၁၅ ရက်နေ့ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်
အခြေစိုက် ပတ်ဂျီဆန်အဖွဲ့မှ ဦးနန်အောင်(ခ) ဦးအောင်နန် ဦးဆောင်သည့်
လူအင်အား (၁၀၀)ခန့်သည် မော်တော်ယာဉ်(၆)စီးဖြင့် ၀ိုင်းမော်မြို့နယ်၊
နောင်စီပေါကျေးရွာ၊ ခတ်ချိုကျေးရွာများသို့ ၀င်ရောက်ပြီး ဥပဒေမဲ့
နိုင်ထက်စီးနင်း တုတ်၊ ဓါး၊ လက်နက် လူအင်အားဖြင့် မူးယစ်ဆေးဝါးဟု
အကြောင်းပြကာ တရားဥပဒေနဲ့အညီဆောင်ရွက်ခြင်းမရှိဘဲ ဒေသခံ ပြည်သူ(၁၁)ဦးအား
ရိုက်နက်စော်ကား ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြသည့်အတွက်
ဒေသခံပြည်သူများ မခံမရပ်နိုင်ဖြစ်ကာ ယနေ့ ၀ိုင်းမော်မြို့နယ်၊
ခတ်ချိုးကျေးရွာ၊ မာန်အောင်ကျောင်းတိုက်ဝင်းအတွင်း လူထုစည်းဝေးပွဲ
တစ်ရပ်ကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူထုစည်းဝေးပွဲသို့ ဒေသခံ ပြည်သူလူထု အင်အား (၅၀၀)ခန့်
တက်ရောက်ကြကြောင်း၊ အဆိုပါ ပတ်ဂျီဆန်အဖွဲ့အား တရားဥပဒေအရ
အရေး.ယူဆောင်ရွက်ပေးခြင်း မရှိပါက ဒေသခံများ စုပေါင်း၍ ဆန္ဒထုတ်ဖော်ပွဲ
ကျင်းပကြမည်ဖြစ်ကြောင်း၊ အဆိုပါ ပတ်ဂျီဆန်အဖွဲ့အား ၀ိုင်းမော်မြို့နယ်
ပြည်သူ့ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း၊ လူထုစည်းဝေးပွဲကြီးမှ
အောက်ပါ သဘောထား များ ထုတ်ပြန်ထားကြောင်း သိရှိရသည်-
ထုတ်ပြန်ချက်မှာ-
၁- သျှမ်းမြို့/သျှမ်းရွာများတွင် မူးယစ်ဆေးဝါးများကို တရားဥပဒေနှင့်အညီ
တိုက်ဖျက်ဆောင်ရွက်သွားရန်။
၂- မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တရားဥပဒေမဲ့ ဆောင်ရွက်လာသည့်
မည်သည့်အဖွဲ့အစည်းကိုမျှ လက်မခံကြောင်း၊
၃- ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေမဲ့ဆောင်ရွက်ခြင်းများ ပေါ်ပေါက်ပါက
သျှမ်းမျိုးနွယ်စုများမှ စုပေါင်း ကူညီဆောင်ရွက်သွားကြရန်၊
၎- တရားဥပဒေမဲ့ ဆောင်ရွက်နေသည့် ပတ်ဂျီဆန်အဖွဲ့ကို ဤသျှမ်းမျိုးနွယ်စု
လူထုအစည်းအဝေးပွဲကြီးမှ ပြင်းထန်းစွာ ရှုတ်ချကြောင်း၊
၅- တရားဥပဒေမဲ့ ဆောင်ရွက်နေသည့် ပတ်ဂျီဆန်အဖွဲ့ကို နိုင်ငံတော်အစိုးရမှ
ဥပဒေနှင့်အညီ ထိရောက်စွာ တားမြစ်ပေးရန် ဤလူသျှမ်းမျိုးနွယ်စု
လူထုအစည်းအဝေးပွဲကြီးမှ တောင်းဆိုကြောင်း၊
၆- ဤနေ့မှ နောက်ပိုင်း ဥပဒေမဲ့ ၀င်ရောက်လာပါက ၀င်ရောက်လာသည့် အဖွဲ့အစည်း၏
တာဝန်သာ ဖြစ်ကြောင်း လူထုအစည်းအဝေးကြီးမှ သဘောထားများ ထုတ်ပြန်ထားကြောင်း
သိရှိရသည်။
Sai Thar Zone
Northern-Myanmar

Wednesday, December 17, 2014
လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက်
တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။
မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နေ ၄င်းဒုတပ်ကြပ်အဆင့်ရှိ မောင်...ကျော်ဇင်သည် တာလောကြီးနှင့် မိုင်(၂၀)ခန့်ဝေးသော ပန်းတောင်းစခန်းမှ လာရောက်အ၀င်းတာဖြစ်ပြီး ဖားကန့် လုံးခင်းတွင် ကျောက်တူးနေစဉ် (၄.၁၁.၂၀၁၁)ရက်နေ့က KIA ၏ ဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရကာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်ထံတွင် (၃)နှစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့လည်း သိရှိရသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖခင်ဖြစ်သူ ဦးကျော်စိုးက ၄င်း၏သားဖြစ်သူ ဖမ်းဆီးခံရတာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ပြောဆိုထားပြီး အဆိုပါ ဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်ကို သက်ဆိုင်ရာသို့ အပ်နှံပြီး
မိဘများထံ ပြန်လည်ပို့ဆောင်သွားမည်ဟု တာလောကြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်
အဖမ်းဆီးခံ
သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော
လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင်
မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊
မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့်
ဒေသပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
ကျွန်တော်တို့က
နိုင်ငံတော်သမ္မတဆီကိုလည်း အကူအညီတောင်းပြီးပြီ၊ ဗိုလ်ချုပ်ဂွမ်မော်ကိုလည်း ပြန်လွှတ်ပေးဖို့
တောင်းဆိုပြီးပြီ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO နည်းပညာအထောက်အကူပြုအဖွဲ့ကိုလည်း
အကူအညီတောင်းပြီးပါပြီ ဘယ်မှာမှ အကူအညီတောင်းလို့မရတော့လို့ နောက်ဆုံး ဘုရားဆီမှာ အကူအညီတောင်းပြီး
ဆုတောင်းမေတ္တာ ပို့သမှာပါလို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစန်းဝေက
ပြောဆိုသည်။
ကျွန်တော့သား
(၂၁)နှစ်အရွယ် မောင်ကျော်ဇင်(ခ)ဆွတ်ငိုင်ကို (၄-၁၁-၂၀၁၁)ရက်နေ့က ဖားကန့် လုံးခင်းမှာ
ကျောက်တူးနေတုန်း KIA ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊ အခုဆို (၃)နှစ်ရှိသွားပါပြီး၊ သေသလား
ရှင်သလားဆိုတာလည်း မသိရပါဘူး လို့ မိုးညှင်း၊
အောင်သပြေရပ်ကွက်က ဖခင်ဖြစ်သူ ဦးကျော်စိုးက ပြောဆိုသည်။
၂၀၁၁-ခုနှစ်
နောက်ပိုင်း ရရှိထားသော စာရင်းများအရ အဖမ်းဆီးခံ
သျှမ်းလူငယ်များ (၂၈၀)ကျော်ရှိပြီး ယနေ့အချိန်ထိတော့
ထွက်ပြေးလွတ်မြောက်လာသူ သျှမ်းလူငယ်ပေါင်း (၉၀)ကျော်ခန့်ရှိတယ် လို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့
ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုထားတာလည်း ဖြစ်ပါသည်။
Friday, November 21, 2014
မြောက်ပိုင်းသျှမ်းငါးမျိုး နှစ်သစ်ကူးပွဲကို ဖားကန့်မှော်စီစာတွင် ခရိုင်အဆင့်ကျင်းပသော်လည်း သျှမ်းဝန်ကြီး တက်ရောက်ခွင့်မရ
သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် |
မြန်ပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်
နေထိုင်ကြတဲ့ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီစတဲ့ သျှမ်းမျိုးနွယ်စုတွေဟာ
နတ်တော်လဆန်း(၁)ရက်နေ့မှာ ၂၁၀၉-ခုနှစ်၊ နှစ်သစ်သို့ ကူးပြောင်းတဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်ကို
၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ညတွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ခက်ချို၊ ဆင်ဘို၊
အင်းတော်ကြီး၊ မိုးကောင်းစတဲ့ မြို့ရွာတွေမှာ ရပ်ကွက်ကျေးရွာအလိုက် စုပေါင်းကျင်းပခဲ့ကြပြီး
ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာမှာတော့ ခရိုင်အဆင့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို
ဒုတိယအကြိမ် စည်စည်ကားကား ကျင်းပတာဖြစ်ပေမယ့် နယ်မြေလုံခြုံရေးအရ ပြည်နယ်ဝန်ကြီးချုပ်က
ခွင့်ပြုမိန့်မရတာကြောင့် ကချင်ပြည်နယ် သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ခွင့်မရခဲ့ဘူးလို့
သိရပါတယ်။
ဖားကန့်မြို့နယ်၊ မှော်စီစာမှာ ကျင်းပတဲ့
သျှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ(၂၁)ရက်နေ့ ညနေ (၅)နာရီခန့်တွင် သျှမ်းမျိုးနွယ်စုများရဲ့
ရိုးရာအကများ၊ စိုင်းအောင်ထီးခမ်း၊ စိုင်းအဲန်၊ နန်းမွေဖောင်၊ နန်းဟွမ်နွမ်း၊ မြင့်မိုရ်အောင်စတဲ့
သျှမ်းနာမည်ကြီး အဆိုတော်များဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပြီး ၄င်းည(၁၂)နာရီအချိန်မှာတော့
ရိုးရာမီးပုံပွဲအကများဖြင့် ၂၁၀၉-ခုနှစ် သျှမ်းနှစ်သစ်ကို ကြိုဆိုကူးမြောက်ခဲ့ကြတာပါ၊
ဖားကန့် မှော်စီစာမှာ သျှမ်းနှစ်သစ်ကူးပွဲတော်
ကျင်းပရတဲ့အကြောင်းကိုတော့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က “နှစ်စဉ်နှစ်တိုင်း
ပြုလုပ်လေ့ရှိတဲ့ ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ ပြုလုပ်တာပါ၊ ကချင်ပြည်နယ်မှာနေတဲ့
သျှမ်းမျိုးနွယ်စု(၅)မျိုးကို ကိုယ်စားပြုတဲ့ ပွဲပါ၊ ဖားကန့်မြို့နယ်က မှော်ပေါင်း(၁၂)မှော်၊
ကျေးရွာအုပ်စုပေါင်း (၆)အုပ်စုမှ စုပေါင်းအင်အားဖြင့် ပြုလုပ်ပါတယ်၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို
ဒီလိုစုပေါင်း ပြုလုပ်ခြင်းအားဖြင့် သျှမ်းမျိုးနွယ်စုများကြား ချစ်ကြည်ရင်းနှီးမှု၊
စုပေါင်း ဆောင်ရွက်တဲ့ အလေ့အထနဲ့ ရိုင်းပင်းကူညီမှုတွေ အားကောင်းလာမယ်၊ သျှမ်းဆိုတဲ့
အမျိုးသားခံယူမှု စိတ်ဓါတ်တွေ မြင့်မားလာစေတယ်”လို့ ပြောဆိုပါတယ်။
“မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာတော့
ခရိုင်အဆင့်အနေနဲ့ ကျင်းပတာကြောင့် အကြီးကျယ်ဆုံးလို့ ပြောလို့ရတယ်၊ ပြည်နယ်အဆင့်ထိ
ကျင်းပနိုင်အောင် ကြိုးစားလုပ်ဆောင်သွားဖို့လည်း ရှိပါတယ်၊ အရင်ကတော့ နယ်မြေလုံခြုံရေးနှင့်
နိုင်ငံရေးအခြေအနေတွေအရ သျှမ်းနှစ်သစ်ကူးပွဲတော်တွေကို ကျင်းပခွင့် မရခဲ့ပါဘူး၊ အခုလည်း
လုံခြုံရေးအရ သျှမ်းဝန်ကြီး မတက်ရောက်နိုင်ပါဘူး၊
သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပခါနီးထိ ဆက်ကြေးကောက်တာတွေ၊ တပ်သားသစ် စုဆောင်းခံရတာတွေ၊
တိုက်ပွဲတွေဖြစ်နေတာတွေ တွေ့ရပါတယ်၊ ဦးကြီးတို့က ငြိမ်းချမ်းလုံခြုံစွာနဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်ကြီးကို
ကျင်းပချင်တာပါ၊ ဒါကြောင့် ယမ်းငွေ့ဆဲတဲ့ ငြိမ်းချမ်းရေးနယ်မြေကြီးကို အမြန်ဆုံး ဖေါ်ဆောင်ကြပါလို့
KIA နဲ့ ငြိမ်းချမ်းရေးတာဝန်ရှိပုဂ္ဂိုလ်များကို တိုက်တွန်းပါတယ်”လို့ မြန်ပြည်မြောက်ပိုင်း၊
(S.E.A)သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုပါတယ်။
နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန်မှာတော့
မြန်ပြည်မြောက်ပိုင်း၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်နှင့် ကချင်ပြည်နယ်
သျှမ်းရေးရာဝန်ကြီးမှ ပေးပို့သော သ၀ဏ်လွှာ၊ ဟောပြောဖတ်ကြားမှုများဖြင့် သျှမ်းနှစ်သစ်ကူးပွဲတော်
ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြပြီး မြန်ပြည်မြောက်ပိုင်း၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊
တပ်မမှူး၊ ဗျူးဟာမှူးနှင့် ဒေသဆိုင်ရာများလည်း တက်ရောက်ခဲ့ကြတာပါ၊ သျှမ်းမျိုးနွယ်စု
ရိုးရာအကအလှများနှင့် သီဆိုဖျော်ဖြေမှုများကိုတော့ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့လည်း
သိရပါတယ်။
Sunday, November 16, 2014
တာမိုင်းလုံသူလေး မအိအိဖြူ KIA အဓမ္မဖမ်းဆီးခြင်းခံရ
မြန်ပြည်မြောက်ပိုင်း၊ ဗန်းမော်မြို့နယ်၊
တာမိုင်းလုံရွာမှ အဖ-ဦးသောင်းဌေး၏ သမီးဖြစ်သူ မအိအိဖြူ အသက်(၁၈)နှစ်၊
ရှမ်း၊ ဗုဒ္ဓကို (၂၇-၁၀-၂၀၁၄)ရက်နေ့တွင် လိုင်ဇာအနီးရှိ ငှက်ပျောခြံတွင် KIA မှ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရသည်။
လိုင်ဇာအနီး ငှက်ပျောခြံရှိ ဦးအောင်ကြီး၏ ထမင်းဆိုင်မှာ ဖမ်းဆီးခံရတာပါ၊
စစ်သင်တန်း ပို့ချရန် စုဆောင်းခြင်းခံရတယ်လို့ ပြောတယ်၊ ကလေးမလေးက အသက်(၄၆)နှစ်ရွယ် မိခင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်းနှင့် သားအမိ နှစ်ယောက်ထဲ ရှိတာပါ၊ သမီးဖြစ်သူ ဖမ်းဆီးခံရတယ်ဆိုတော့ မိခင်ဖြစ်သူမှာ မ ပဋာမြေလူးသလို ပူပင်သောကတွေနဲ့ အရူးတပိုင်းလို ဖြစ်နေပါတယ်လို့ ဗန်းမော်မြို့ သျှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစံတေက ပြောဆိုသည်။
၎င်း မအိအိဖြူ ဖမ်းဆီးစုဆောင်းခံရခြင်းကိစ္စနှင့် ပက်သက်၍ ကျွန်တော်တို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)က အမြန်ဆုံး ပြန်လွတ်လာအောင် သက်ဆိုင်ရာတွေဆီ အကြောင်းကြားပြီး၊ လူမှုရေးအရ၊ ဥပဒေနှင့် လူအခွင့်အရေး မူဘောင်တွေအရ ဆက်လက်လုပ်ဆောင်သွားမှာပါလို့ သျှမ်းရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုပါသည်။
KIA ကချင်လွတ်မြောက်ရေးတပ်မတော်အပါဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကြန့်ကြာနေချိန်မှာ စစ်ရှောင်ဒုက္ခသည်များသည် စစ်ဘေးသင့် ကယ်ဆယ်ရေးစခန်းများ၌သာ နေရပ်ပြန် မှုန်ဝါးဝါး မျှော်လင့်ချက်များနှင့်အတူ ဒေသခံပြည်သူများသည်လည်း မကြာခဏဆိုသလို စစ်သားစုဆောင်းခံရခြင်းဒုက္ခကို ရင်ဆိုင်နေကြရဦးမှာလည်း ဖြစ်ပါသည်။

ကချင်ပြည်နယ်လုံးဆိုင်ရာ သံဃာတော်များ၏ ၀ိနည်းစာမေးပွဲကျင်းပ
(၃၅) ကြိမ်မြောက်
မြန်ပြည်မြောက်ပိုင်း-ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို
မိုးကောင်းမြို့မှာ နိုဝင်ဘာလ (၁၅)ရက်နေ့ကစ၍ ကျင်းပလျက်ရှိတယ်လို့
သိရှိရတယ်။
အဆိုပါ ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းမြို့တွင် အလှည့်ကျ ကျင်းပတာဖြစ်ပြီး မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟူ၍ လေးတန်းခွဲပြီး ကျင်းပတာ ဖြစ်တယ်လို့လည်း မိုးကောင်းမြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဦးသာသနက မိန့်ကြားပါတယ်။
ကချင်ပြည်နယ်မှာနေတဲ့ သံဃာတော်တွေ သာသနာ၏အသက်ဖြစ်တဲ့ ၀ိနည်းအရာမှာ ကျွမ်းကျင်လိမ္မာစေဖို့ ရည်ရွယ်ပြီး ကချင်ပြည်နယ် အဓိပတိ သက်တော်ရှည် ၀န်းသိုကျောင်းဆရာတော်ကြီးက ဦးဆောင်၍ စတင်ကျင်းပခဲ့တာဟာဖြင့် ဒီနှစ်တော့ (၃၅)ကြိမ်မြောက် ရှိသွားပါပြီ၊ လာမည့်(၁၈)ရက်နေ့မှာ စာအောင်သံဃာတော်တွေကို ဆုချပြီး မြို့ပေါ်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားဖို့ ရှိပါတယ်လို့ ဆရာတော် ဦးသာသနကပဲ ဆက်လက်မိန့်ကြားသွားပါတယ်။

Monday, November 3, 2014
ဖားကန့် ဆိပ်မူ အထက်တန်းကျောင်းအုပ်ကြီးအား အရေးယူပေးရန် တိုင်ကြား
ကျောင်းငွေ အလွဲသုံးစားပြုလုပ်ခြင်းနှင့်
ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး တာဝန်ယူစောင့်ရှောက်မှု
ပျက်ကွက်အားနည်းခြင်းတို့ကြောင့် မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊
ဖားကန့်မြို့နယ်၊ ဆိပ်မူ (အထက)ကျောင်းတော်ကြီး၏ ကျောင်းအုပ်ဆရာကြီး
ဦးခိုင်ဝေအား ထိရောက်စွာ အရေးယူပေးရန် အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ကို တိုင်ကြားထားတယ်လို့
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရှိရသည်။
၎င်းဆိပ်မူ(အထက)ကျောင်းအုပ်ဆရာကြီး ဦးခိုင်ဝေ အုပ်ချုပ်သည့် (၁၀)နှစ်တာ ကာလအတွင်း ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများအား ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ နှစ်စဉ်ငွေကြေးကိစ္စများ မရှင်းလင်းနိုင်ခြင်း၊ ကျောင်းမြေပျောက်ဆုံးကာ ဆုတ်ယုတ်နစ်နာနေခြင်းတို့ကြောင့် ကျောင်းအုပ်ဆရာကြီးကို အရေးယူပြောင်းရွှေ့စေလိုတာဖြစ်တယ်၊ ကျောင်းသားမိဘများမှာ မိမိတို့ရင်သွေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးများအတွက် ထိခိုက်ရင်လေးနေရပါတယ်။ ဈေးသည်များရဲ့ ပင်လယ်စာ၊ တရုတ်မုန့်၊ အသားတုများ၊ ဖျော်ရည်မျိုးစုံ ရောင်းချနေခြင်းကိုလည်း ကျောင်းအုပ်ကြီးက မစီစစ်ဘဲ ရောင်းချခွင့် ပြုနေပါတယ်။ ကျောင်းဝင်းလုံခြုံမှုမရှိသည့်အတွက် အမှိုက်များ လာရောက်စွန့်ပစ်ကြခြင်း၊ မူးယစ်ဆေး အရက်ဆိုင်များ၊ လ္ဘက်ရေဆိုင်၊ လောင်းကစားဒိုင်များ၊ ဆင်ဆာမဲ့ညစ်ညမ်းခွေဆိုင်များ၊ စကိတ်ကွင်းနှင့် ဓါတ်ဆီဆိုင်များ ၀င်ရောက်ကျူးကျော်ခြင်းကိုလည်း ခံနေရပါတယ်လို့ ဆိပ်မူဒေသခံတစ်ဦးဖြစ်သူ ဦးလှမင်းက ပြောဆိုပါသည်။
ကျောင်းဝင်းမလုံခြုံမှုနှင့် အဆိုပါ ဘိန်းစားဖိုးသမားများကြောင့် ကျောင်းသားများ အကြိမ်ပေါင်းများစွာ ဆိုင်ကယ်အတိုက်ခံရခြင်း၊ ကျောင်းအသုံးအဆောင်များ အခိုးခံရခြင်းသည် ခြောက်ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဦးလှမင်းကပဲ ဆက်လက်ပြောဆိုပါသည်။
ကျောင်းသား/သူဦးရေ(၃၂၀၀)ရှိသော အဆိုပါ ဆိပ်မူ(အထက)ကျောင်းတော်ကြီးသည် ဆိပ်မူ၊ မှော်ရှန်၊ ဖားပြင်စသည့် ဖားကန့်မြို့နယ် ကျေးရွာပေါင်း (၂၂)ရွာအုပ်စုက အဓိကအားထားရာ ကျောင်းတော်ကြီးဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံတော်သမ္မတအထိ တိုင်းကြားကာ နှစ်ကြိမ်တိုင်တိုင် လာရောက်စစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိသေးဘူးလို့လည်း သိရပါသည်။

Wednesday, October 29, 2014
အသက်(၅၈)နှစ်အရွယ် မွတ်ဆလင်လူမျိုး ဦစံသိန်းမှ အသက်(၁၄)နှစ်အရွယ် မမူမူသိန်းအား မုဒိန်းမှုကျူးလွန်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ဈေးကုန်းရပ်ကွက်တွင် (24.10.2014)ရက်နေ့ ညနေ(8း00)အချိန်တွင် ကျူရှင်မှပြန်လာသော အဖ-ဦးအောင်အောင်+အမိ-ဒေါ်အေးဝင်း၏
သမီးဖြစ်သူ မမူမူသင်း အသက်(၁၄နှစ်၇လ) (၈)တန်းကျောင်းသူသည် အဒေါ်ဖြစ်သူ ဒေါ်မဲလှိုင်အိမ်သို့အသွား
မြင့်မြတ်သဇင် တည်းခိုခန်းမှ မွတ်စလင်ကုလား ဦးစံသိန်း အသက် (၅၈)နှစ်မှ
တည်ခိုခန်းအနောက်ပေါက်တွင်စောင့်ဆိုင်းနေကာ မမူမူသင်းကို ပါးစပ်ပိတ်ကာ တည်ခိုခန်းအတွင်း မီးဖိုချောင်နှင့် အိမ်သာအကြားတွင် အလိုမတူပဲ မုဒိန်းကျင့်ခဲ့ပါသည်။
တည်ခိုခန်းအနောက်ပေါက်တွင်စောင့်ဆိုင်းနေကာ မမူမူသင်းကို ပါးစပ်ပိတ်ကာ တည်ခိုခန်းအတွင်း မီးဖိုချောင်နှင့် အိမ်သာအကြားတွင် အလိုမတူပဲ မုဒိန်းကျင့်ခဲ့ပါသည်။
၎င်း၏ကိစ္စအပြီးတွင် မည်သူ့ကိုမှမပြောနဲ့ ပြောလျှင်ငါ့အကြောင်းသိစေရမည်ဟု ပြောသဖြင့် မပြောရဲပဲ နေခဲ့ပါသည်။ (27.10.2014)နေ့တွင် မမူမူသင်းမှ နောက်နောင်ထပ်ဖြစ်မှာစိုးရိမ်သည့်အတွက် ဈေးကုန်းရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရှမ်းမအားပြောကြားခဲ့ရာ ဒေါ်ရှမ်းမမှ ဈေးကုန်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စန္ဒာငယ်ဆီ ခေါ်ဆောင်သွားပါသည်။
ဒေါ်စန္ဒာငယ်မှဦးဆောင်ကာ မိုးကောင်းမြို့၊ မြို့မရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့သဖြင့် တရားခံ မွတ်စလင်ကုလား စံသိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။
28.10.2014နေ့တွင်တော့ မိုးကောင်းမြို့
အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့မှ
ဦးဆောင်ကာ မိုးကောင်းမြို့၊
ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးအတွင်း နေ့လည်
(1)နာရီအချိန်တွင်
ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော်များ၊ မြို့ပေါ် (၁၂) ရပ်ကွက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မုဒိန်းပြုကျင့်ခံရသူ မမူမူသင်းအတွက်
တောင်းဆိုချက် (၃)ချက်ကိုတောင်းဆိုခဲ့ပါသည်။

၎င်းတောင်းဆိုချက်(၃)မှာ
(၁)မွတ်စလင်မုဒိန်းကောင်စံသိန်းအားထိရောက်စွာအရေးယူရန်
(၂) တည်းခိုခန်းအား
ဖျက်သိမ်းပေးရန်
(၃) လေးဘာသာ
အဖွဲ့မှ
ပစ်ဒဏ်ခတ်ရန်
နှင့်
ရပ်ကွက်
မဘသ အဖွဲ့ဝင်များမှ ကန့်ကွက်ရှုတ်ချမှုများ တင်ပြတောင်းဆိုခဲ့ပါသည်။ တဆက်တည်းမှာပဲ ပြုကျင့်ခံရသူ မိန်းကလေးမိဘအား ဆန်(၁)အိတ်၊ဆီ၊ဆား၊ကော်ဖီထုတ်များနှင့်ငွေ (၁) သိန်းထောက်ပံ့ပေးခဲ့ပါသည်။ အမှုကာလာအတွင်း အခက်မရှိစေရန် မဘသ အဖွဲ့မှ ဥပဒေအကြံပေးအဖွဲ့များဖွဲ့ပေးခြင်း၊ ထောက်ပံ့ရေးအဖွဲ့များဖွဲ့ပေးခြင်း၊ လုံခြုံရေးအဖွဲ့များ ဖွဲ့ပေးခဲ့ပါသည်။

၎င်းနေ့
အစည်းအဝေးအပြီးမှာပဲ တည်းခိုခန်းအားပိတ်သိမ်းပေးရန်အချက်ကို
မိုးကောင်းမြို့
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
စာထုတ်ပြီး
ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)